Part 5

165 14 0
                                    

အဝေးကိုငေးနေရာမှရုတ်တရက်သူမပါးစပ်ကထွက်လာသောစကားကြောင့် 'ဂန်ဟန်' မျက်နှာပျက်သွားမိသည်။

'သိလားအဲ့ဒီနေ့ကလေ ရုံးမလာခင် အမချစ်ရတဲ့သူကို တစ်ခြားမိန်းမတစ်ယောက်နဲ့ တွေ့လိုက်ရတာ'

'ဂန်ဟန်'ဘာမှဆက်မပြော၊နားသာထောင်နေမိသည်။

'သူကအမြဲ အမအပေါ်မှာဆိုအနိုင်ယူတယ်၊အမဒီလောက်ချစ်တာကို သူဘာလို့များ' ခြယ့်မျက်ဝန်းတွေထဲ မျက်ရည်စတို့ဝဲတက်လာ၏။
'ဂန်ဟန်'ဘာလို့မှန်းမသိ 'ခြယ်'မျက်ဝန်းတွေကိုကြည့်ပီး ရင်တွေပူလာသည်။

'အမအဲ့လိုတွေ့လိုက်တာ အမကောင်လေးရောသိလား'

'ကောင်လေးဟုတ်လား ဟားဟားဟား'ဟက်ဟက်ပက်ပက်ပါးစပ်က အော်ရယ်နေသလောက် မျက်ရည်တို့ကျနေသည်။

'တစ်ကယ်တော့အမချစ်တဲ့သူက ကောင်လေးမဟုတ်ဘူး၊ကောင်မလေး။ကောင်မလေးလို့လဲမဆိုဘူး အမထပ်အသက်၃နှစ်ကြီးတဲ့ မိန်းမတစ်ယောက်ပေါ့'

'ဂန်ဟန်'ထိုစကားကိုကြားတော့မျှော်လင့်ချက်ရောင်ခြည်လေးသမ်းလာမိသလို အနည်းငယ်ပျော်သွားမိသည်။အကြောင်းမှာ သူ့စိတ်ထဲရောက်နေမိသည့် 'ခြယ်'ဆိုသူက မိန်းကလေးတွေကိုကိုယ်လို စိတ်ဝင်စားကြောင်းသိရသဖြင့်ပင် ဖြစ်သည်။'ခြယ်'ပုံစံကိုကြည့်လျှင် လုံးဝstraightပုံသာပေါ်နေသော်လည်း ယခုလိုသိရသဖြင့်စိတ်သက်သာရမိပြန်၏။

'အမသူနဲ့အဆက်အသွယ်ဖြတ်မယ်'

'အဲ့လိုဆိုရင်ရောအမကနေနိုင်လို့လား'

'နေနိုင်တာပေါ့၊သူနဲ့မတွေ့ခင်အချိန်ကာလများစွာတုန်းကလဲ အမတစ်ယောက်ထဲနေခဲ့တာပဲမဟုတ်လား၊လူတွေကဒီအတိုင်းပဲလေ ဘဝထဲကိုဝင်လာလိုက်၊ထွက်သွားလိုက်နဲ့  အဲ့တာကြောင့်နောက်ဘယ်သူ့ကိုမှဘဝထဲမဝင်အောင် ကြိုးစားရမယ်'

'ဂန်ဟန်'ထိုစကားကြောင့်ရင်ထဲမှာစူးခနဲဖြစ်ရသည်။အချိန်တော်တော်ကြာတဲ့ချိန်ထိနှစ်ယောက်လုံးဘာစကားမှထပ်မပြောကြပဲ ထိုင်နေကြ၏။

'မိုးတောင်ချုပ်တော့မှာပဲ အိမ်ပြန်ကြမလား'

'အင်းပြန်ကြတာပေါ့'

"ခြယ်"Where stories live. Discover now