Chp - 2.4

769 188 0
                                    

UNICODE

အပိုင်း (.)

ဆိုးစုခဲက ဆာတိုးရီထံ အိစက်နူးညံ့မည့်ပုံပေါက်သည့်တဘက်တစ်ထည် ကမ်းပေးလိုက်သည်။ ထို့နောက် ဆာတိုးရီလည်း ဆိုးစုခဲ လက်ညှိုးထိုးညွှန်ပြခဲ့သည့်အခန်းငယ်ထဲ ဝင်သွား၏။

__လူတွေက သူတို့ကိုယ်ကို ဆေးတဲ့နေရာဆိုတာ ဒါကိုး..။

ဆာတိုးရီက တစ်ခါမျှ ရေမချိုးဖူး။ သို့သော် မြစ်ရေနှင့်တော့ အမြဲ ကိုယ့်ကိုယ်ကိုယ်သန့်စင်လေ့ရှိ၏။ အဝတ်အစားများကို ချွတ်ကာ 'ရေချိုးခန်း'မည်သောအရပ်သို့ စိတ်လှုပ်တရားဝင်သွားတော့သည်။

__ခြေအိတ်လို ရှည်ရှည်မျောမျောအချောင်းက ရေချိုးတဲ့ဟာနေမယ်နော်?

ဘုံပိုင်ခေါင်းကို လှည့်ဖွင့်လိုက်သည်နှင့် မိုးစက်မိုးပေါက်များကဲ့သို့အရာက ဦးခေါင်းအထက်မှ ရုတ်တရက် ကျဆင်းလာ၏။ ဆာတိုးရီခမျာ အထိတ်တလန့်ဖြစ်သွားလေသည်။

"...!"

ဆာတိုးရီလည်း အသံမထွက်ဘဲ ပါးစပ်ကို အကျယ်ကြီးဟလိုက်၏။ ဘုံပိုင်ခေါင်းပြန်ပိတ်ရန် ဟိုစမ်းသည်စမ်းလိုက်ကလိရင်း ရေစိုနေ၍ ချောနေသည့်ကြမ်းပြင်ထက် ဘုတ်ခနဲ ခြေချော်လဲကျတော့သည်။

"...!!!"

ဆိုးစုခဲလည်း စိုးရိမ်လွန်သည့်မျက်နှာမျိုးဖြင့် အသံဗလံဆူညံစွာထွက်သွားသည့် ဆာတိုးရီရှိရာ ရေချိုးခန်းထဲ အပြေးဝင်လာ၏။

"ဘာဖြစ်တာလဲ? အဆင်ပြေရဲ့လား?"

(ဘာတွေဖြစ်သွားတာတုန်း?)

ဆာတိုးရီလည်း ရေပန်းမှ ရေများက အဆက်မပြတ်ဆီးကျလျက် ကြမ်းပြင်ပေါ်၌ ကိုယ်လုံးတီးလဲကျနေသည်။

"...ဆိုးစုခဲ.. ငါ့နဖူး.. နာလိုက်တာ.. ငါခေါင်းထိမိသွားတယ်ထင်တယ်"

ဆာတိုးရီမှာ ဒဏ်ရာရနေသည့်ဦးခေါင်းအား လက်နှစ်ဖက်လုံးနှင့် ပွတ်ရင်း ဆိုးစုခဲထံ​ မျက်ရည်စက်လက်ဖြင့် မော့ကြည့်လိုက်၏။ ထို့နောက် အကြည့်ချင်းဆုံသွားလေသည်။ ဆာတိုးရီမှာတော့ ယခင်က အမြဲဖုံးကွယ်ထားခဲ့သည့်မျက်နှာဟာ ရေစိုနေသည့် ဆံပင်ကြောင့် မြင်သာသွားခဲ့ပြီဆိုသည်ကို သတိမထားမသိသေး။ ဆိုးစုခဲက အံ့ဩတကြီး မျက်လုံးအပြူးသားဖြစ်သွား၏။ ဆာတိုးရီအား အသံတိတ် စိုက်ကြည့်နေလေသည်။

မင်းအသံလေးသာ နားဆင်ချင်/ その声が聞きたいWhere stories live. Discover now