CHP - 19 [FINALE]

1.2K 174 16
                                    

UNICODE

အပိုင်း (၁၉)
ဇာတ်သိမ်းပိုင်း

"ကိုကို အကုန်ထည့်ပြီးပြီလား?"

"အာ ခဏနေဦး.. ဘူးထဲ​ ရေနွေးကြမ်း ထည့်လိုက်ဦးမယ်"

ဆာတိုးရီက ရေဘူးထဲ​ ရေနွေးကြမ်းဖြည့်ပြီးနောက် အဖုံးပိတ်လိုက်သည်။ ရထားပေါ်၌ စားရန်အတွက် နံနက်စောစောကတည်းက ပြင်ဆင်ထားသည့် ထမင်းဆုပ်များကိုလည်း ဘူးထဲ​ အစီအရီ ထည့်နေ၏။

ထို့နောက် ဧည့်ခန်းထဲ ထိုင်စောင့်နေသည့် ဆိုးစုခဲအား ဆာတိုးရီက ဤသို့ ပြောလိုက်သည်။

"စောင့်စေမိပါပြီ သွားစို့"

"ဟိုတုန်းက ကိုကိုပြောပြဖူးတဲ့ အမွေးပွတစ္ဆေဖြူညှက်စိလေးတွေရော? သူတို့ အခုထိ ရှိနေကြတုန်းပဲလား?"

"အင်း ဒီနေ့ ရာသီဥတုသာယာနေတော့ သူတို့ နေပူစာသွားလှုံကြတာနေမယ်"

"ငါတို့ သွားပြီနော်"

ဆာတိုးရီက အမွေးပွတစ္ဆေဖြူညှက်စိလေးများကို ထိုသို့ သတိပေးလိုက်ပြီးနောက် အိမ်မှ စထွက်လာလေ၏။

ယခင်အဖြစ်အပျက်ပြီးနောက် သူ့ဘဝသူ စွန့်လွှတ်မည်ဟု ဆုံးဖြတ်ခဲ့သည့် ဆိုးစုခဲ၌ မည်သည့်သိသိသာသာ ပြောင်းလဲမှုမျိုးမှ ဖြစ်မလာခဲ့။ ထို့ကြောင့် စောင့်ကြည့်ရုံသာ တတ်နိုင်ပြီး တကယ်ဖြစ်လာမှသာ ဖြစ်စေတော့ဟု တွေးထားလိုက်တော့၏။ ယခုလက်ရှိအချိန်အထိတော့ 'အိုဂီဂါမီ ဆိုးစုခဲ'ဟုခေါ်သည့် အစီအစဥ်တင်ဆက်သူဘဝနှင့်သာ ဆက်လက်ဖြတ်သန်းနေသေးသည်။

ဆာတိုးရီနှင့် ကွာခြားသည့်အချက်က ဆိုးစုခဲတွင် အရေးပါသည့် မိသားစုနှင့် သူငယ်ချင်းများ ရှိ၏။ ရံဖန်ရံခါ၌ ဆာတိုးရီဟာ အတွေးနယ်ချဲ့ရင်း စိုးရိမ်လာမိသည်။ ထိုနေ့က​ ဆိုးစုခဲဟာ မှန်ကန်သည့် ဆုံးဖြတ်ချက်ကို တကယ်ချခဲ့ပါရဲ့လားဟု။ ဆိုးစုခဲနှင့် အတူမရှိနိုင်တော့သော နေ့မျိုး ရောက်လာခဲ့ပါက သူ့ဆန္ဒကို ရှေ့တန်းတင်မနေတော့ဘဲ ဆိုးစုခဲ၏ပျော်ရွှင်မှုကိုသာ လိုလားပေးမည်။ ထိုသို့လျှင် လျှို့ဝှက်စွာ စိတ်ပိုင်းဖြတ်ထားခဲ့၏။

You've reached the end of published parts.

⏰ Last updated: Aug 14, 2022 ⏰

Add this story to your Library to get notified about new parts!

မင်းအသံလေးသာ နားဆင်ချင်/ その声が聞きたいWhere stories live. Discover now