Chp - 5.2

660 162 2
                                    

UNICODE

အခန်း (.)

ဆာတိုးရီလေးခမျာ အခန်းထောင့်၌ ခန္ဓာကိုယ်လေးကို ကျုံ့ထားမိ၏။

(ငါ အိမ်မှာမရှိတဲ့အချိန် ဘယ်လိုဗရုတ်သုတ်ခတွေ ဖြစ်သွားရတာတုန်း?)

ဆိုးစုခဲမှာ အိမ်ခန်းတွင်းရှိ ပစ္စည်းများနှင့် ထပ်ခါတလဲလဲ ခလုတ်တိုက်မိသည့်ပုံပင်။ 'အား'၊ 'အိ' ဟူသော အာမေဍိတ်သံများက အဆက်မပြတ်ထွက်ပေါ်နေ၏။ ဆာတိုးရီမှာ ထိုအသံများကို ကြားတိုင်း ခန္ဓာကိုယ်က ပို၍ပိုကာ တုန်ယင်သွားတော့သည်။

(အား ရေချိုးခန်း... နေပါဦး အဝတ်လျှော်စက်ထဲမှာ ဆပ်ပြာမြှုပ်တွေအပြည့်ပဲ။ အာ ဒီအနံ့.. ခေါင်းလျှော်ရည်အနံ့မဟုတ်လား?! မဆေးရသေးတဲ့ပန်းကန်တွေလည်း ကွဲနေတာပဲ! အာာားးး ငါ့အကြိုက်ဆုံးစာအုပ်!)

"ဆိုးစုခဲ..."

ဆာတိုးရီသည် တံခါးဝ၌ ရပ်ကာ အာစေးမိငြိမ်သက်နေသည့် ဆိုးစုခဲကို ဖြည်းညင်းစွာ မေ့ကြည့်လိုက်သည်။

"တောင်းပန်ပါတယ်"

(ငါ ကြားချင်တာ 'တောင်းပန်ပါတယ်'ဆိုတဲ့စကားမဟုတ်ဘူးလေ။)

"ငါ... စိတ်မဆိုးပါဘူးလို့ ပြောရင်လည်း လိမ်ရာကျလိမ့်မယ်.. ဒါပေမဲ့ အခုတော့ ဒီကိစ္စကို မေ့ထားလိုက်ဦး.. ဘယ်လိုတွေဖြစ်သွားရတယ်ဆိုတာကို ရှင်းပြပေး"

ဆိုးစုခဲ၏လက်ထဲ၌ အမွေးပွတစ္ဆေဖြူညှက်စိလေးများ ဆုတ်ဖြဲထားသည့် စာရွက်တစ်ရွက်ကို ကိုင်ဆောင်ထားသည်။

ဆာတိုးရီသည် ဆိုးစုခဲအား လက်သည်တရားခံမှာ အမွေးပွတစ္ဆေဖြူညှက်စိလေးများဖြစ်ကြောင်း ဖြေရှင်းချက်ပေးပါလျှင် သူတို့အား မမြင်နိုင်သည့် ဆိုးစုခဲက ယုံလိမ့်မည်မဟုတ်။ မည်သည့်အဖြေမျိုးကိုမှ မစဥ်းစားနိုင်တော့ဘဲ နှာတရှုံ့ရှုံ့ဖြင့် ငိုမဲ့မဲ့ပြောလာ၏။

"ငါ-ငါ..."

ဆာတိုးရီက ပါးစပ်ဟလိုက်သည်နှင့် မျက်ရည်များက ဒလဟောထွက်ကျလာကာ သူ့မျက်ခွံသူ ပြန်ပွတ်နေတော့သည်။

"ငါက မင်းကို ပျော်စေချင်လို့ပါ.. ဒါပေမဲ့ ကောင်းတာ တစ်ခုမှ ဖြစ်မသွားဘူး.. ငါ-ငါ တောင်းပန်ပါတယ်"

မင်းအသံလေးသာ နားဆင်ချင်/ その声が聞きたいWhere stories live. Discover now