CHP - 18

612 135 0
                                    

UNICODE

အပိုင်း (၁၈)

ဆာတိုးရီမှာ ဆိုးစုခဲကို ချက်ချင်းတားရန် ကြိုးပမ်း၏။ အကယ်၍များ နဂါးနတ်ဘုရားသာ စိတ်ခုသွားပါက သူတို့၏အသက်က ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားပေတော့မည်။

"ဘယ်အရာကိုမှ အလကားမရနိုင်ဘူး.. ဒီတစ္ဆေလေးက မင်းနဲ့ တွေ့နိုင်ဖို့အတွက် အပေးအယူတစ်ခု လုပ်ခဲ့ရတယ်.. သူ့အသက်သူ စွန့်လွှတ်ပြီး မင်းကို လာတွေ့ခဲ့တာ.. တစ်ခုလိုချင်ရင် နောက်တစ်ခုကို လက်လျှော့ရမှာပဲ"

ဆာတိုးရီက နှုတ်ခမ်းကိုက်လိုက်သည်။ အသက်ကို ဆုံးရှုံးသွားရမည်ဆိုလျှင်တောင် ဂရုမစိုက်သည့် ခံယူမှုမျိုးက ယခုထိ မပြောင်းလဲချေ။ သို့သော် သူမရှိတော့သည့်နောက်ပိုင်း ဆိုးစုခဲ မည်သို့ခံစားနေရမည့်အပေါ် ထည့်မတွေးခဲ့မိချေ။

ထိုအချိန်မှာပင်...

"အဲ့ဒါကြောင့် ကျွန်တော် ပြောနေတာလေ.. တစ်ခုခုကို ပေးဆပ်လိုက်ရင် ဘာပြဿနာမှ မတက်တော့ဘူး.. ကိုကိုလည်း ပျောက်သွားစရာ မလိုတော့ဘူးလေ"

ဆာတိုးရီမှာ စိတ်ပျက်အံ့အားသင့်သွားသည်။ နဂါးနတ်ဘုရားအား မျက်နှာပြောင်တိုက်သည့်မျက်နှာမျိုးဖြင့် ရဲရဲတင်းတင်းပြောနေသည့် ဆိုးစုခဲ၏အတွေးကိုလည်း မဖတ်နိုင်တော့ချေ။

"ကိုကိုက ခင်ဗျားနဲ့ အပေးအယူလုပ်ထားတယ်လို့ ပြောလိုက်တယ်ဟုတ်.. ဒါပေမဲ့ ကိုကို ပျောက်ကွယ်သွားစရာမလိုဘူး"

__ဆိုးစုခဲ?

"ဘာပြောချင်တာလဲ?"

နဂါးနတ်ဘုရားက မျက်တောင်ခတ်လိုက်ရာ မျက်တောင်များက ရှည်လျားလွန်း၍ တရှဲရှဲမြည်သံပင် ထွက်လာ၏။

"ကျွန်တော်က အရာအားလုံးကို စွန့်လွှတ်ဖို့ ဆန္ဒရှိတဲ့အထိကို သူ့ကို လိုအပ်နေရမှာမလား? အရာအားလုံးကို စွန့်လွှတ်တယ်ဆိုတာ ဘာကိုပြောချင်တာလဲ? ကျွန်တော် ဘာလုပ်သင့်လဲ? အာ ဒါပေမဲ့ သေသွားတာမျိုးနဲ့တော့ သူ့ကို တစ်ယောက်တည်း မထားခဲ့ချင်ဘူး.. တခြားနည်း ပြောပြပေးပါ ကျေးဇူးပြုပြီး"

မင်းအသံလေးသာ နားဆင်ချင်/ その声が聞きたいWhere stories live. Discover now