CHP - 13.1

577 154 0
                                    

UNICODE

အပိုင်း (၁၃.)

နှစ်ဦးအကြား ကသိကအောက်ဖြစ်နေမှုများနှင့်အတူ ဓာတ်လှေကားထဲ ဝင်လာကြ၏။ ထို့နောက် စကားတစ်ခွန်းမျှ မဆိုဘဲ အိမ်တံခါးဆီ လျှောက်သွားကြလေသည်။ ထိုအခိုက်အတန့်တွင် ဆာတိုးရီသည် ဆိုးစုခဲထံမှ မချင့်မရဲဖြစ်နေမှုများနှင့် စိတ်ရှုပ်ထွေးမှုများကို အတိုင်းသား ခံစားနေရ၏။ ထိုအတိုင်းထက်အလွန်ခံစားချက်များကိုလည်း ချုပ်တည်းထားနေရကြောင်းကိုလည်း ဆာတိုးရီ အတပ်ပြောနိုင်၏။

အိမ်တံခါးပေါက်ကို ဖွင့်လိုက်သည်နှင့် ဧည့်ခန်းထဲ၌ ဟိုဟိုသည်သည် ဆော့ကစားနေကြသည့် အမွေးပွတစ္ဆေဖြူညှက်စိလေးများက ဆာတိုးရီထံ​ ပြေးလာကာ ရေတောင်းသောက်ကြလေသည်။ သို့သော် ဝန်းကျင်အငွေ့အသက်က ပုံမှန်မဟုတ်ကြောင်းကို အာရုံခံမိသည်နှင့် မှောင်ရိပ်များဆီ အသီးသီး ထွက်ပြေးသွားကြ၏။

"ဒါနဲ့ ခုနက လူကြီးက ဘယ်သူလဲ?"

(မင်းနဲ့ သူနဲ့ ဘယ်လိုပတ်သက်တာလဲ?)

စကားဦးသန်းမနေတော့ဘဲ ဆိုးစုခဲက တိုက်ရိုက်မေးလာလေသည်။

"သူက ဘယ်သူမှ မဟုတ်ဘူး.. ဟိုးအရင်ကတည်းက ကမ္ဘာမြေကြီးနဲ့ သဘာဝအကြား လေလိုမျိုး တည်ရှိမှုမျိုးပဲ.. ငါ့အထင်တော့ သူ့ကို နတ်ဘုရားလို့ သတ်မှတ်ရမယ်.. ငါတို့အကုန်လုံးကတော့ သူ့ကို နဂါးနတ်ဘုရားလို့ ခေါ်ကြတယ်"

"ဘာ? ဟမ်? မင်း ဘာတွေပြော..."

စိတ်ကူးထားသည်နှင့် ပကတိခြားနားနေသည့် အဖြေကို ကြားလိုက်ရသော် ဆိုးစုခဲ၏မျက်နှာထက်၌ ကယောင်ချောက်ချားဖြစ်သွားမှုက အထင်းသား ဖြစ်တည်လာသည်။

(နတ်ဘုရား? ဟမ်? ဘယ်လို? နဂါးနတ်ဘုရား..?)

ဦးနှောက်အိုက်သွားသည့် ဆိုးစုခဲ၏အတွေးများကို ဆာတိုးရီ ခံစားမိ၏ ; စိတ်ဖောက်သွားခြင်းလောဟု ဘာသာမေးခွန်းထုတ်နေခြင်းပင်။

"နေပါဦး 'ငါတို့'ဆိုတာ ဘာကိုဆိုလိုတာလဲ? ဆာတိုး မင်းက ဘာ..."

'ဒါပဲ'ဟု ဆာတိုးရီ တွေးလိုက်၏။ ဆိုးစုခဲ သူ့အား မုန်းခြင်း၊ မမုန်းခြင်းသည် ထိုအချက်ပေါ်တွင် မူတည်နေသည်သာ။

မင်းအသံလေးသာ နားဆင်ချင်/ その声が聞きたいWhere stories live. Discover now