CHP - 17.1

641 118 2
                                    

UNICODE

အပိုင်း (၁၇.)

လေပြည်အေးက ပြတင်းပေါက်မှ တဖြူးဖြူးတိုက်ခတ်နေ၏။ ပြတင်းပေါက်မှန်ဘောင်များမှ ဒုတ်ဒုတ်ဒက်ဒက်မြည်သံများကို တိုးညင်းစွာကြားနေရသည်။ ကောင်းကင်မည်းမှောင်သည့်တိုင် မိုးမရွာဘဲ ငြိမ်သက်နေသည်မှာ မုန်တိုင်းမလာမီ နိဒါန်းပျိုးနေသည့်နှယ်။ အမွေးပွတစ္ဆေဖြူညှက်စိလေးများက ကုတင်အောက်ထဲ ပြေးဝင်သွားကြသည်မှာ အပြင်ပြန်ထွက်မလာကြတော့။ ဆာတိုးရီမှာ စိုးရိမ်ပူပန်မှုများဖြင့် ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်နေမိသည်။

ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် အားပြင်းဟာရီကိန်းမုန်တိုင်းက ရှင်းခိုခုသို့ ကျရောက်ခဲ့ပြီးပြီ။ တိုကျိုမြို့သို့ ဘယ်အချိန်ဝယ် ဆိုက်ကပ်မည်မသိ။

"ဒီလိုရာသီဥတုကြီးထဲ တကယ်အပြင်သွားမှာလားဟင်?"

ပုံမှန်ထက် စောလျင်စွာ အပြင်ထွက်ရန် အဆင်သင့်ပြင်နေသော ဆိုးစုခဲသည် အပူပန်လွန်နေသည့် ဆာတိုးရီအပေါ် စိတ်ကွက်ခြင်းမရှိချေ။

"ကျွန်တော် တက္ကစီခေါ်ထားပြီးပြီမို့ အဆင်ပြေပါတယ်.. မိုးလည်း ရွာသေးတာမှ မဟုတ်ဘဲ.. ပိုပြီးအရေးကြီးတာက ကိုကိုရော တစ်ယောက်တည်း အဆင်ပြေရဲ့လား?"

"အ-အဆင်ပြေတယ်.. ပြေပေမဲ့..."

ဆာတိုးရီဟာ သူ၏ဘဝတစ်လျှောက် ဟာရီကိန်းမုန်တိုင်းများကို ကြိမ်ဖန်များစွာ ကြုံတွေ့ခဲ့ဖူးပြီးပြီ။ သို့သော် ဤတစ်ခါလောက် ကြောက်စိတ်မမွှန်ဖူးချေ။ ယမန်နေ့များကတည်းက စိုးရိမ်ပူပန်နေပြီး အိပ်မပျော်နိုင်ဘဲ ဂနာမငြိမ်ဖြစ်နေသည်။ ဆိုးစုခဲအား တစ်ယောက်တည်း မလွှတ်လိုက်သင့်ဟု နှလုံးသားမှ ထပ်ခါတလဲလဲ သတိပေးနေသည့်နှယ် ခံစားနေရ၏။

"ဒီနေ့တစ်ရက်လောက် အလုပ်နားလို့မရဘူးလား?"

ဆိုးစုခဲ၏မျက်နှာထက်၌ အံ့ဩရိပ်များ သန်းသွား၏။ ဆာတိုးရီဘက်မှ ဆီလျော်မှုမရှိသည့် တောင်းဆိုချက်တစ်ခုကို ရှားရှားပါးပါး ကမ်းလှမ်းလာ၍။

မင်းအသံလေးသာ နားဆင်ချင်/ その声が聞きたいWhere stories live. Discover now