CHP - 13.2

604 146 1
                                    

UNICODE

အပိုင်း (၁၃.)

"ငါ-ငါ တကယ် မင်းကို တွေ့ချင်ခဲ့တာ... မင်းရဲ့အသံကို ကြားချင်ခဲ့တာ.. မင်းမတိုင်ခင်ထိ ဘယ်သူကမှ ငါ့ကို မကြည့်ခဲ့ဘူး.. မင်းက ငါ့ကို စကားလာပြောပေးတဲ့ ပထမဆုံးသူပဲ.. ငါ မင်းကို အရာရာတိုင်းအတွက် အမြဲကျေးဇူးတင်ချင်နေခဲ့တာ"

__ဒီတစ်ခါတော့ နောက်ဆုံးအကြိမ်ပဲ...

နာကျင်မှုက နှလုံးစိုင်ကို ထိုးစိုက်လာ၏။ သို့သော် ထိုထက် ပိုသည်က နက်ရှိုင်းကာ ပုံဖော်မရနိုင်သော ချစ်ခြင်းမေတ္တာက ဆာတိုးရီ၏ရင်ဘတ်ထဲ လျှံတက်လာသည်။

__မင်းကို တွေ့ခွင့်ရတဲ့အတွက် ငါ တကယ်ပျော်တယ် ဆိုးစုခဲ။

ဆာတိုးရီက ပြုံးလိုက်၏။ ထိုအရာအာလုံးက လုံလောက်သည်ထက်ပင် ပိုနေပြီဟု တွေးနေမိသည်။

__အရမ်းတွေ့ချင်နေခဲ့တဲ့ ဆိုးစုခဲနဲ့ တွေ့ခွင့်ရပြီးပြီ။ တွေ့ပြီးတဲ့နောက်လည်း ပြောချင်နေခဲ့တဲ့စကားတွေ ပြောခွင့်ရပြီးပြီ။ ဒါပေမဲ့ ငါ့ရင်ဘတ်က ဘာလို့အောင့်နေရသေးတာလဲ? ငါ တခြားဘာကို ထပ်လိုချင်နေသေးလို့လဲ?

"ဆာတိုး..."

(အာ မဟုတ်ဘူး။ သူက ဆာတိုးမဟုတ်ဘူး။ ဆာတိုးရီပဲ။)

ဆိုးစုခဲသည် ရှေ့မှောက်၌ တောက်ပလင်းထိန်နေသည့် တစ်စုံတစ်ရာရှိနေသည့်နှယ် မသိမသာ မျက်မှောင်ကြုတ်ရင်း ဆိုးစုခဲဆီ လက်လှမ်းလိုက်၏။

ဆာတိုးရီမှာ ဆိုးစုခဲ သူ့အား လာထိနေခြင်းအပေါ် အူကြောင်ကြောင်ဖြစ်သွားသည်။ ဆိုးစုခဲသည် သူ၏ဇာတိအမှန်ကို သိသည်နှင့် လက်ခံပေးလိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးချေ။ သို့သည့်တိုင် ထိုသို့မျှော်လင့်နေခြင်းက သူနှင့်မထိုက်တန်သည့် ဆုတောင်းသာဖြစ်ကြောင်း ဆာတိုးရီ ခံစားလာမိ၏။

(ဟုတ်တယ် ဆာတိုးရီက အဲ့တုန်းက အစ်ကိုကြီးပဲ။ တကယ်ဆာတိုးရီပဲ...)

ထိုတဒင်္ဂတွင် သူတို့၏အတွေးထဲ ဖြတ်ခနဲ ပေါ်လာသည်က မူလတန်းအရွယ်ကျောင်းသားလေး ဆိုးစုခဲနှင့် မျက်နှာသွင်ပြင် ပြောင်းလဲခြင်းမရှိသော ဆာတိုးရီ၏ပုံရိပ်တို့သာ ဖြစ်သည်။ လွမ်းဆွတ်စရာ မွေးရပ်မြေလေး၏ သဘာဝရှုခင်းသည်လည်း ဆာတိုးရီ၏မျက်ဝန်းထဲ ထင်ဟပ်လာ၏။

မင်းအသံလေးသာ နားဆင်ချင်/ その声が聞きたいWhere stories live. Discover now