Chp - 9

563 147 0
                                    

UNICODE

အပိုင်း ()

လွန်ခဲ့သည့်မိနစ်ပိုင်းကတည်းက ဆိုးစုခဲထံမှ ဝမ်းနည်းမှုအရိပ်အယောင်ကို ဆာတိုးရီ ခံစားနေရသည်။

ဆိုးစုခဲက စတိုးဆိုင်မှ ထွက်လာပြီးကတည်းက စကားတစ်ခွန်းမျှ မပြောတော့။ ဆာတိုးရီခမျာ ရှေ့မှ ခပ်သွက်သွက်လျှောက်သွားနှင့်သော ဆိုးစုခဲအနောက်သို့ အားကုန်သုံး၍ ခြေလှမ်းကျယ်ကျယ်ဖြင့် ပြေးလိုက်ရလေသည်။

__ဆိုးစုခဲ...?

ဆာတိုးရီမှာ ဝမ်းနည်းအားငယ်လာမိ၏။ သို့သော် ဆိုးစုခဲ သူ့အား စကားမပြောခြင်းကြောင့်မဟုတ်။ ဧကန်အကြောင်းရင်းမှာ ဆာတိုးရီကိုပင် လှည့်မကြည့်တော့ဘဲ တစ်စုံတစ်ရာအား ကသိကအောက်ဖြစ်သွားသည့်ပုံပေါ်နေသောကြောင့်ပင်။ ဒေါသထွက်နေသည့် ဆိုးစုခဲ၏ခံစားချက်များကြောင့် ဆာတိုးရီ၏ရင်ဘတ်ထဲ၌ ပူလောင်မွန်းကြပ်လာမိသည်။

__သူ့စိတ်အဆင်ပြေလာအောင် ငါ ဘာလုပ်ပေးရင်ကောင်းမလဲ?

ထိုအချိန်၌ ဆာတိုးရီသည် ဆန့်ကျင်ဘက်အရပ်မှ လျှောက်လာသည့် လူတစ်ဦးနှင့် တိုက်မိသွား၏။

"အား..!"

ဆာတိုးရီမှာ အားပြင်းပြင်းဖြင့် ပစ်လှဲခံရသလို ဖြစ်သွားကာ ဗုန်းခနဲ လဲကျသွားတော့သည်။

"ဆာတိုး!"

ရှေ့မှ ခပ်သုတ်သုတ် လျှောက်နေသည့် ဆိုးစုခဲက သတိထားမိသွားပြီး ဆာတိုးရီထံ​ ပြေးလာ၏။

"အဆင်ပြေရဲ့လား ဆာတိုး?"

(နာသွားသေးလား?)

ဆိုးစုခဲက စိတ်ပူနေသည့်မျက်နှာအမူအရာမျိုးဖြင့် ဆာတိုးရီကို အားစိုက်ကြည့်လေသည်။ ထို့နောက် မတ်တပ်ထရပ်နိုင်ရန် ဘေးမှ ထူမ,ပေး၏။ ဆာတိုးရီလည်း ဆိုးစုခဲ ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားကြောင်း သိရသော် စိတ်သက်သာရာရသွားလေသည်။

"အင်း အဆင်ပြေပါတယ်"

"ဆိုးစုဲရော ဘယ်လိုလဲ? အဆင်ပြေရဲ့လား? ရင်ဘတ်ထဲ နာနေသေးလား?"

ဆာတိုးရီ၏မေးခွန်းကြောင့် ဆိုးစုခဲမှာ ကြက်သေသေသွား၏။ ရင်ဘတ်ထဲ ဆူးတစ်ခု စူးဝင်သွားသည့်နှယ် ဆာတိုးရီအား ကြည့်နေမိသည်။

မင်းအသံလေးသာ နားဆင်ချင်/ その声が聞きたいWhere stories live. Discover now