CHP - 15.2

690 142 2
                                    

UNICODE

အပိုင်း (၁၅.)

အမွေးပွတစ္ဆေဖြူညှက်စိလေးများက ဆိုးစုခဲအား စိုးရိမ်နေကြသကဲ့သို့ ခြေထောက်အကြား ခုန်ဆွခုန်ဆွ ဖြစ်နေကြ၏။

"ကိုကို"

ဆာတိုးရီ၏ခန္ဓာကိုယ်မှာ ခြုံစောင်တစ်ထည်ကြောင့် နွေးနွေးထွေးထွေးရှိသွားလေသည်။ ဆိုးစုခဲက ခြုံစောင်မှတစ်ဆင့် ဆာတိုးရီအား တင်းကြပ်စွာ ဖက်လိုက်၏။ ထို့နောက် ဆာတိုးရီ၏နောက်ကျောအား ဖွဖွလေး ပုတ်ပေးလေသည်။ နှစ်သိမ့်သည့်သဘောဖြင့်။

"ရတယ် ကိုကို.. ကိုကို မကြိုက်တာ ဘာမှမလုပ်ဘူး"

ဆိုးစုခဲ၏မျက်နှာထက်၌ ဆာတိုးရီအား ဒေါသထွက်နေဟန် စိုးစဥ်းမျှမပေါ်။

(ကြောက်အောင် ခြောက်မိသွားရင် တောင်းပန်ပါတယ်။)

ဆိုးစုခဲ၏စိုးရိမ်သံကြောင့် ဆာတိုးရီ၏နှလုံးသားမှာ တစ်ဖန်ပြန်လည် လှုပ်ခတ်လာရပြန်သည်။

"ငါ-ငါထင်တာက မင်း ငါ့ကို မုန်းသွားတော့မှာဆိုပြီး"

(...မုန်းမယ်?)

"ဘာလို့ အဲ့လိုတွေးရတာလဲ?"

"မင်း-မင်း ငါ့ကို နမ်းတုန်းက ငါ့ခန္ဓာကိုယ်က တစ်မျိုးကြီးဖြစ်သွားတာ"

ထိုစကားကြောင့် ဆိုးစုခဲက မျက်မှောင်ကြုတ်လိုက်၏။

"ဘယ်လိုတစ်မျိုးကြီးဖြစ်တာလဲ?"

(တစ္ဆေကို နမ်းမိရင် ပြဿနာရှိနိုင်တာလား? ကိုကို့ခန္ဓာကိုယ်က တစ်ခုခုဖြစ်တော့မှာလား? သွားပြီ ငါ ဒီလိုကိစ္စတွေကို ဘယ်သူ့ဆီ သွားမေးရပါ့?)

"ခါးပတ်ပတ်လည်က ကြက်သီးထသွားသလိုကြီး.. ငါ့ရင်ဘတ်ကလည်း ကြပ်လာသလိုပဲ.. ပြီးတော့ ငါ့ဥစ္စာ... အောက်က ငါ့ဥစ္စာက..."

ဆိုးစုခဲမှာ သံသယရှိနေသည့် မျက်နှာမျိုးပြောင်းသွားလေ၏။

"ရုတ်တရက်ကြီး မာလာတာ.. ပြီးတော့ အဲ့ဒါက စိုသွားတယ်...!"

ရှိသမျှသတ္တိအကုန်စု၍ ဆာတိုးရီမှာ တစ်ခါတည်း ပြောချပစ်လိုက်တော့သည်။

မင်းအသံလေးသာ နားဆင်ချင်/ その声が聞きたいWhere stories live. Discover now