CHP - 12

577 146 0
                                    

UNICODE

အပိုင်း (၁၂)

ပုစဥ်းရင်ကွဲများ အော်မြည်သံကို လမ်းတစ်လျှောက် ဆက်တိုက်ကြားလာခဲ့သည်။ နိုင်လွန်ကတ္တရာပေါ်ရှိ တံလျှပ်များကိုလည်း ဖြိုးဖြိုးဖြောက်ဖြောက် တွေ့မြင်ရ၏။

(အား... ဒီနေ့ ပူလိုက်တာကွာ။ ပုံမှန်မဟုတ်တော့တဲ့ ရာသီဥတုဆိုတာ ဒါမျိုး ထင်ပါရဲ့။ )

(ပူချက်ပဲ ပူလို့ သေတော့မယ်။ )

(ဘာလို့ ရီနာက အမြဲတစ်ကိုယ်ကောင်းဆန်ရတာလဲ။ တကယ်စိတ်ပျက်ဖို့ကောင်းတယ်။ သူ တစ်ခုခုကို အထင်လွဲနေတာဖြစ်ရမယ်။ တကယ်ဆို သူက သူ့ကိုယ်သူထင်သလောက်လည်း ချစ်ဖို့မကောင်းပါဘူး။ သူနဲ့ တူတူမသွားပြန်ရင်လည်း ပြဿနာက တက်ဦးမယ်...)

(အား.. အလုပ်မလုပ်ချင်ဘူး။ အလုပ်မလုပ်ချင်ဘူး။ ဌာနမှူးတာနကလည်း မြန်မြန်သေလိုက်ပါတော့! ဘာလို့ သူ့ဆံပင်ကို အဲ့ဘက်ခွဲထားရတာလဲ? ငါ့မှာ စိတ်မနည်းထိန်းထားရတယ်။ အား ပူလိုက်တာကွာ။ အလုပ်မလုပ်ချင်ဘူး။ )

နားကို လက်ဖြင့်အုပ်ထားလျှင်ပင် တားနိုင်စွမ်းမရှိသည့် အတွေးသံများက စီစီညံညံ ထွက်ပေါ်လာလေသည်။ ဆာတိုးရီလည်း ချွေးအေးစိုရွှဲလျက် စိတ်ပျက်အားငယ်စွာ လမ်းလျှောက်လာခဲ့သည်။

"ကြက်သွန်နီ၊ ဟင်းခတ်အမှုန့်၊ လေးညင်းပွင့်နဲ့ သစ်သီးတချို့.. ကြက်သွန်နီ၊ ဟင်းခတ်အမှုန့်၊ လေးညင်းပွင့်နဲ့ သစ်သီးတချို့"

(အဲ့ကောင် ဘာလို့ ကိုယ့်ဘာကိုယ် တတွတ်တွတ် ပြောနေရတာလဲ? ကျောချမ်းစရာကြီး! သူ့ရှေ့ဆံပင်ကလည်း အရှည်ကြီးပဲ။ အရူးများလားဟ? )

ဆာတိုးရီက ဝယ်ယူရမည့် စားစရာစာရင်းကို နှုတ်မှ ရွတ်ဆိုလိုက်သည့်အခါ ဦးနှောက်ထဲ မအီမသာဖြစ်နေမှုကြီးက သက်သာသွားသလို ခံစားမိသည်။ ယခင်က ဆိုးစုခဲနှင့် အတူလာခဲ့ဖူးသော ဈေးဝယ်စင်တာ၌ လိုအပ်သည်များကို ဝယ်ယူပြီး ဈေးဝယ်အိတ်ထဲ ထည့်သိမ်းလိုက်၏။ သစ်သီးများကို ရွေးချယ်စဥ်က မက်မွန်သီးနှင့် သစ်တော်သီးအကြား အခက်တွေ့ခဲ့ရသေး၏။ နောက်ဆုံး၌ သစ်တော်သီးကိုသာ ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် ဆိုးစုခဲနှစ်သက်သည့် ရှောက်ချိုသီးများကိုလည်း ဝယ်လာခဲ့သေး၏။ ဆာတိုးရီက လာရာလမ်းအတိုင်း ပြန်လာရင်း ရင်းနှီးနေသည့် အဆောက်အအုံက မြင်ကွင်းထဲ ပေါ်လာသည်နှင့် စိတ်သက်သာရာရသွားလေသည်။

မင်းအသံလေးသာ နားဆင်ချင်/ その声が聞きたいWhere stories live. Discover now