Chp - 7

649 153 0
                                    

UNICODE

အပိုင်း ()

ဆိုးစုခဲ၏အလုပ်နားရက်၌ နှစ်ဦးသား ဘူတာရုံအရှေ့ရှိ ဈေးဝယ်စင်တာအကြီးကြီးဆီ သွားကြလေသည်။

ဆာတိုးရီက ဆိုးစုခဲထံမှ ငှားဝတ်လာသည့် တီရှပ်၏ပခုံးအနားစွန်းကို ဆွဲတင်လိုက်၏။ ဆိုးစုခဲ၏အဝတ်များက ဆာတိုးရီဝတ်နေကျထက် တစ်ဆိုဒ်ကြီးသည်။ ပခုံးမှ တွဲကျတော့မည့် ကော်လာကို ဆွဲတင်ရင်း စိတ်ထဲမှ တွေးမိ၏။ ဆိုးစုခဲ၏အဝတ်များကို ဝတ်နေရ၍ စိတ်မရှုပ်ဟု။ ထိုချောင်ချောင်ချိချိအဝတ်အစားများကြောင့် ဆိုးစုခဲ၏တည်ရှုမှုကို ပိုမိုပေါ်လွင်စေသည်။ ကိုယ်သင်းနံ့သင်းသင်းလေးကိုလည်း ခံစားမိသလိုပင်။ မည်သို့ပင်ဖြစ်စေ မိမိခန္ဓာကိုယ်အရွယ်အစားနှင့် မတော်သည့် အဝတ်ကို မဝတ်သင့်ဟု ဆိုစမှတ်ရှိသည်ကို ကြားဖူး​၏။ လက်ချောင်းလေးများဖြင့် လည်ပင်းရှိ ဆွဲသီးလေးကို ညင်သာစွာ ထိကိုင်ကြည့်သည်။ ကျောက်ခရမ်းပွင့်သည် ဆာတိုးရီအတွက် အဖိုးတန်ရတနာလေးပင် ဖြစ်၏။

ဘူတာရုံအရှေ့၌ လူအုပ်ကြီးမှာ ကြိတ်ကြိတ်တိုးနေသည်။ တနင်္ဂနွေနေ့ကြောင့် ဖြစ်ပါလိမ့်မည်။ သူငယ်ချင်းများကို စောင့်ဆိုင်းနေကြသည့် လူငယ်များလည်း ရှိသလို ကလေးငယ်ငယ်လေးများကိုပါ ခေါ်လာကြသည့် မိသားစုများလည်း ရှိ၏။ အချို့ကလည်း ချိန်းတွေ့နေကြသည့် စုံတွဲများဖြစ်သည်။

မြို့ထဲ၌ လူများက တိုးကြပ်ပြည့်နှက်နေရာ ထိုလူသားများက မည်သည့်အရပ်မှ ရောက်လာခဲ့ကြကြောင်း ဆာတိုးရီအား အတွေးပွားစေ၏။ လူပေါင်းများစွာ၏အတွေးတစ်သီတစ်သန်းက လေထုအနှံ့ လှည့်လည်စီးဆင်းနေတော့သည်။

(အာ ဘာလို့ ငါ့အလုပ်ပိတ်ရက်မှာ မိသားစုနဲ့ အပြင်ထွက်လည်ရမှာလဲ? ချီးပဲကွာ.. မဖြစ်မနေ သွားမှကိုရမှာလား...? အိမ်မှာနေပြီး နားရင်လည်းရရဲ့သားနဲ့.. ဟာကွာ ညနေကျရင် အိမ်မှာအေးဆေးနားပြီး ဂေါက်ရိုက်ပြိုင်ပွဲကြည့်ချင်ပါတယ်ဆိုမှ.....)

(ဒီနေ့ ငါတို့ရဲ့ ပထမဆုံးဒိတ်ဆိုတော့ အရမ်းရင်ခုန်နေပြီ! အာ ငါ ဘာလုပ်ရမလဲ? ငါ ဘာလုပ်သင့်လဲ? သန့်စင်ခန်းထဲ ထပ်သွားရဦးမလား? ငါ့မိတ်ကပ်တွေ ပျက်ကုန်ရင် ဘယ်လိုလုပ်မလဲ?)

မင်းအသံလေးသာ နားဆင်ချင်/ その声が聞きたいWhere stories live. Discover now