Part 1 ( The Dream Is)

4.1K 157 0
                                    

Unicode

အပိုင်း ၁

" သခင်လေး "

ဘော်ဒီဂတ်တွေအများကြီးက အသက်၃၀အရွယ်အိမ်တော်သခင်လေးကို ခေါင်းငုံ့နှုတ်ဆက်ကြတယ်။ သခင်လေးဆိုသူက အသက်၃၀ လို့မထင်ရက်စရာ နုပြိုလွန်းလှသည်။ သူ့ရဲ့မျက်နှာကကြည့်ကောင်းလွန်းတဲ့အပြင် မြင့်မားသောအရပ်ကိုလည်း ပိုင်ဆိုင်ထားတဲ့ ပြီးပြည့်စုံသောအမျိုးသားတစ်ယောက်ပင်။

သူ့မျက်နှာမှာ မာနကြီးတဲ့အသွင်ကိုဆောင်သော အပြုံးတစ်ပွင့်ကိုအမြဲ ပန်ဆင်ထားတတ်သည်။

xiao အိမ်တော်....

ဘယ်သူမှရန်မစရဲတဲ့ အိမ်တော်စရင်းဝင်တွေအထဲက ထိပ်ဆုံးအိမ်တော်...

ထိုအိမ်တော်ရဲ့ဆက်ခံသူတတိယမျိုးဆက် XiaoZhan ရှောင်းသခင်လေး။ မိဘတွေအလိုလိုက်တာမို့ မောက်မောက်မာမာဆက်ဆံတတ်တယ်။ သခင်လေးဆိုသူက အလုပ်သမားတွေ တစ်ခုခုမှားတာနဲ့ အပြင်းအထန် အပြစ်ပေးခံရတတ်သည်။ မဟုတ်ဘူး။ အလုပ်သမားတစ်ယောက်ကိုဆို ပိုမှန်မည်။

ရှောင်းကျန့်ဟာ ထိုအလုပ်သမားလေးအရှေ့ရောက်တော့ မဲ့ပြုံးတစ်ခုပြုံးလိုက်သည်။

" ဟက် "

ထို့နောက် အိမ်ကြီးရဲ့အပေါ်ထပ်ကို တက်မဲ့လှေကားကိုနင်းလိုက်သည်။ သို့သော်သူကမတက်သေးပဲ အနောက်ပြန်လှည့်လာပြီး

" ဝမ်ရိပေါ်... သောက်စရာယူခဲ့! "

ရှောင်းကျန့်ကပြန်ဖြေသံမကြားတာမို့ လေသံကပိုပြီးမာလာသည်။

" ဘာလဲ....ငါ့ကိုနှစ်ခါပြောစေချင်တာလား "

ရိပေါ်ဆိုတဲ့ကောင်လေးမှာ လန့်သွားပြ်ီး

" ဟုတ်ကဲ့...ဟုတ်ကဲ့သခင်လေး "

ရှောင်းကျန့် ​ကျေနပ်သွားပြီး အပေါ်ထပ်ကိုတက်သွားသည်။ ရိပေါ်က သခင်လေးဖြစ်သူကို စိတ်နာစွာကြည့်လိုက်သည်။ ထို့နောက်ဝိုင်ပုလင်းတွေထားတဲ့ အခန်းကိုအမြန်သွားလိုက်ရတယ်။ နောက်ကျတာနဲ့ အပြစ်ပေးခံရတော့မှာမဟုတ်လား။

ရှောင်းကျန့်အခန်းထဲကိုရောက်တော့ နက်တိုင်ကိုဖြေလျော့လိုက်သည်။ အနက်ရောင်မှန်ဘောင်ခက်ထားတဲ့ မှန်ကြီးဘက်ကိုလှည့်ကြည့်လိုက်သည်။

The Dream is...(complete)Where stories live. Discover now