Final Part 20 (The Dream is)

1.8K 73 2
                                    

Unicode

အပိုင်း ၂၀ (ဇာတ်သိမ်းပိုင်း)

" ဟက်ချိုး ..... "

" ge သက်သာရဲ့လား "

ရှောင်းကျန့်လေး စောင်တွေကြားမှာ ကွေးကွေးလေးအိပ်နေသည်။

နောက်ရက်တွေတုန်းက ရိပေါ်ပြောတဲ့ ရေခဲမုန့်ဆိုင်လေးကို နေ့တိုင်းသွားဝယ်စားတဲ့အပြင် မိုးပါမိသွားတော့ အဖျားဝင်သွားရတယ်။ မနက်ဖြန်ဆို မင်္ဂလာဆောင်မည့်နေ့ဖြစ်နေတာမို့ အကုန်လုံးစိုးရိမ်နေကြသည်။

ရိပေါ်က ရေချိုးခန်းထဲကနေ ဇလုံတစ်လုံးထဲရေဖြည့်လာပြီး အဖြူရောင်သပတ်လေးကိုပါ ထည့်လာခဲ့သည်။

" ge ရေပတ်တိုက်ပေးမယ်နော် ကျွန်တော်ရေကို အရမ်းမအေးအောင် လုပ်လာပေးတယ် "

ရှောင်းကျန့် မှာရိပေါ်ကိုလှည့်ကြည့်ဖို့ အားအတော်ယူလိုက်ရသည်။ ရေခဲမုန့်တွေအများကြီး ‌စားထားတာကြောင့် လည်ချောင်းတွေလည်း နာနေသည်။

"အင်း~~~”

ရိပေါ်မှာ ရေခဲမုန့်ဆိုင်ရှိတယ်လို့ ပြောလိုက်မိတာတောင် နောင်တရချင်သွားသည်။

သက်ပြင်းအသာချရင်း geရဲ့ စောင်တွေကိုဆွဲချလိုက်တယ်။ ညအိပ်အင်္ကျီလေးနဲ့ဘောင်းဘီရှည် ဆင်တူလေးဝင်ထားသည်။ ရေဇလားထဲက ပဝါလေးကိုရေညစ်လိုက်ပြီး ge ရဲ့မျက်နှာလေးကိုအရင် သုတ်ပေးလိုက်သည်။ အဖျားရှိန်တတ်နေလို့ထင် မျက်နှာတင်မက တစ်ကိုယ်လုံး ပုဇွန်ထုတ်လေးလို နီရဲနေတယ်။

ထို့နောက် အင်္ကျီကိုအနည်းငယ်လှန်တင်လိုက်ပြီး ရင်ဘက်တွေ လက်တွေပွတ်တိုက်ပေးလိုက်တယ်။ ကျောဘက်ကို တိုက်ပေးမလို့ရိပေါ်မှာ ရှောင်းကျန့်ကိုပွေ့ချီလိုက်တယ် ရှောင်းကျန့်လေးမှာ တစ်အင်းအင်းနဲ့ မှေးနေပြီး နွမ်းနယ်နေရှာသည်။

သူ့ဗိုက်ကိုပွတ်တိုက်ပေးနေလို့ ယားနေပေမဲ့ နည်းနည်းလေးတောင် စကားမပြောနိုင်ဘူး။  ဒါ့အပြင် သူ့အောက်ပိုင်းကို ရေပတ်တိုက်ပေးနေတာ ရှက်လို့တားချင်ပေမဲ့ လက်လေးတစ်ဖက်တောင် မမနိုင်ဘူး။

" ရိပေါ် ~~~ ခြေထောက်တွေ ညောင်းနေတယ် "

ရှောင်းကျန့်ပြောလိုက်တာနဲ့ ရိပေါ်မှာရေဇလုံကို ကုတင်အောက်ထားပြီး geရဲ့ခြေထောက်ကိုနှိပ်ပေးလိုက်တယ်။

The Dream is...(complete)Where stories live. Discover now