Part 9 (The Dream is)

1.7K 106 3
                                    

Unicode

အပိုင်း ၉

" ဖယ်စမ်း! "

သူက ဒီလိုသွေးသန်တရွဲရွဲအခြေအနေထိ ရောက်မည်မထင်ထားပေ။ ချက်ခြင်းပြန်သွားခေါ်ခဲ့ရင် အဆင်ပြေမယ်လို့ထင်ထားခဲ့ပေမဲ့ တလွဲစီပင်။

ရိပေါ်ကသူ့ရဲ့အပြင်အဝတ်ကိုချွတ်ပြီး အဝတ်အစားကင်းမဲ့နေရှာတဲ့ ရှောင်းကျန့်ကိုလွှမ်းခြုံပေးလိုက်သည်။ ထို့နောက်ပွေ့ချီလိုက်ပြီး ကြောင်အနေတဲ့နှစ်ကောင်ကို လှည့်မကြည့်ပဲ ထိုကွန်ဒိုကနေထွက်လာလိုက်သည်။

...................................

" အင့်.....ခေါင်း....? "

မျက်လုံးဖွင့်လိုက်တာနဲ့ နာကျင်မှုတွေက အလုံးနဲ့အရင်းဝင်လာတာမို့ ရှောင်းကျန့်တစ်ယောက် နိုးတာနဲ့ညီးညူနေရသည်။ ထို့နောက်တဖြည်းဖြည်းထထိုင်လိုက်ကာ အိပ်ယာပေါ်ကစောင်ကိုဖယ်လိုက်သည်။

သူ့ကိုယ်မှာအဝတ်အစားမရှိတာကို တွေ့လိုက်ရပြီးနောက် စောင်လေးကိုတဖြည်းဖြည်းပြန်ဆွဲလိုက်ရသည်။

ထိုအချိန်မနေ့ညက အဖြစ်အပျက်တွေခေါင်းထဲ ပလုံစီပြီးဝင်လာခဲ့တယ်။

" ငါ....ငါမဖြစ်ခဲ့ပါဘူးနော် "

သူခမျာထိတ်လန့်နေရတုန်း ရင်းနှီးတဲ့အသံကိုကြားလိုက်ရသည်။

" နိုးပြီးလား.... "

ရိပေါ်ကိုတွေ့လိုက်ရတာမို့ ​နည်းနည်းတော့စိတ်သက်သာမိသလိုပင်။

" ထပြီး တစ်ခုခုစားလိုက် ပြီးရင်ဆေးသောက် "

ရှောင်းကျန့်က သူ့ကိုယ်သူစောင်လေးနဲ့ ပတ်လိုက်ပြီး

" ငါ...ငါ...ဖြစ်...ဖြစ်ခဲ့သေးလား "

ရိပေါ်က ခနဲသလိုလိုလေသံနဲ့

" ငါရှိနေတာ ဘယ်သူနဲ့ဖြစ်ချင်သေးလို့လဲ "

" ဝမ်ရိပေါ်! "

စောင်ထဲခေါင်းတစ်လုံးသာဖော်ထားပြီး စိတ်တိုနေတဲ့ ရှောင်းကျန့်ကိုကြည့်ရတာ စိတ်ကျေနပ်စရာပင်။ သို့ပေမဲ့နဖူးက ပတ်တီးစည်းရာကြီးနဲ့ အနည်းငယ်ချောင်ကျသွားတဲ့ ပါးပြင်လေးတွေနဲ့ မျက်နှာလေးက သနားစရာအတိ....

The Dream is...(complete)Where stories live. Discover now