Part 2 ( The Dream iS)

2.5K 126 3
                                    

Unicode

အပိုင်း ၂

" ရှောင်းကျန့် ရှောင်းကျန့်......နိုးပြီလား "

ရှောင်းကျန့်ကိုက်ခဲနေတဲ့ ခေါင်းကိုဖိရင်း အသံဖြေးဖြေးနဲ့ပြောလိုက်သည်။

" ငါ့လိုသခင်လေးကို ဘယ်ကောင်နာမည်ခေါ်ရဲတာလဲ "

သူ့ကိုလာခေါ်တဲ့ကောင်လေးမှာ ကြားပုံမပေါ်ချေ....ထိုကောင်လေးက စိုးရိမ်တဲ့ပုံပေါက်နေပြီး သူ့ကိုအိပ်ယာကနေဆွဲထူတယ်။

" တော်သေးတယ် အက်ဆီးဒင့်ကအရမ်းမပြင်းထန်လို့ သွား သခင်လေးကိုတောင်းပန်လိုက် အခုသွား မဟုတ်ရင်အပြစ်ကြီးကြီးပေးခံနေရမယ် "

" ဘာ "

ရှောင်းကျန့် ထိုကောင်လေးကို နားမလည်နိုင်စွာ ကြည့်နေသည်။ သူတစ်ကိုယ်လုံးကိုက်ခဲနေတာကြောင့် ကုတင်ပေါ်ကနေ တဖြည်းဖြည်းသာဆင်းနိုင်သည်။ ထိုကောင်လေးမှာ သူ့ကိုဘာမှမပြောပဲ ပြန်ပြေးထွက်သွားတာမို့ ခြေလှမ်းများနှေးကွေးစွာနဲ့ အခန်းထဲကနေထွက်လာရတယ်။ လျှောက်လမ်းကိုကြည့်လိုက်တော့ များစွာသောဘော်ဒီဂတ်တွေရှိနေတဲ့ အခန်းတစ်ခုကိုတွေ့လိုက်ရသည်။ ဒီကိုယ်ရံတော်တွေက သူ့ရဲ့လူတွေပဲ့...

အစောင့်တစ်ယောက်က သူ့ကိုမြင်သွားပြီး တိတ်တိတ်လေးလာပြောသည်။

" ရှောင်းကျန့် မင်းတော့သေပြီ... သခင်လေးစိတ်ဆိုးနေတယ် "

" ဘာ...!! "

ငါဘာတစ်ခုမှနားမလည်ပေမဲ့ အခန်းထဲမှာအဖြေတော့ရ်ှိနေလိမ့်မယ်။ အခန်းအတွင်းကို အားတွေစုပြီးပြေးဝင်သွားခဲ့သည်။

မမြင်ဖူးတဲ့အမျိုးသမီးတစ်ယောက်နဲ့ လူကြီးတစ်ယောက်က ဆေးရုံကုတင်နဘေးမှာရပ်နေကြတယ်။ ကုတင်ပေါ်မှာကတော့ သူတစ်ချိန်လုံးအနိုင်ကျင့်လာတဲ့ ဝမ်ရိပေါ်ကလဲလျောင်းနေခဲ့သည်။

" ဝမ်ရိပေါ် မင်း..."

ရှောင်းကျန့် ဆွံအနေတုန်း ရိပေါ်ကသူ့ဘက်လှည့်ကြည့်လာပြီး ကျေနပ်နေတဲ့အပြုံးတစ်ခုကို ဖော်ထုတ်လိုက်သည်။ ထို့နောက်ရက်စက်တဲ့ အကြည့်တို့အဖြစ်ပြောင်းလဲသွားခဲ့ပြီး

The Dream is...(complete)Where stories live. Discover now