Part 7( The Dream is)

1.6K 100 4
                                    

unicode

အပိုင်း 7

" အွန့်..... "

ရိပေါ်ရဲ့ အနမ်းကြမ်းတွေအဆုံးသတ်သွားတာနဲ့ ရှောင်းကျန့်မှာ မျက်နှာခပ်ရဲရဲနဲ့ အသက်ကိုလုရက်ရှုသွင်းပြီး ကျတော့မည်မျက်ရည်စလေးတွေကို ဖိသုတ်ရှာသည်။

ထိုအမူအယာလေးကြောင့် ရိပေါ်မှင်သက်နေခဲ့သည်။ သူ့ကိုရှောင်းကျန့်တစ်ယောက် လက်ဖြတ်ပြပြီးတစ်စုံတစ်ခုကိုတောင်းမှ သတိဝင်လာခဲ့သည်။

သခင်လေးက အရမ်းပြောင်းလဲသွားသလိုပဲ့ ငါသိခဲ့တဲ့ သခင်လေးနဲ့မတူတော့သလို။

" သော့...ပေးတော့ "

ရိပေါ်သူ့အိတ်ကတ်ထဲက သော့တစ်ချောင်းကိုယူပြီး ရှောင်းကျန့်လက်ဖဝါးပေါ် တင်ပေးလိုက်သည်။ ပေးလိုက်တာနဲ့ချက်ခြင်း အိမ်တံခါးအနားကိုပြေးသွားတာမို့ ရိပေါ်အနောက်ကနေအော်ပြောလိုက်ရတယ်။

" ဟေး...6နာရီတိတိဖြစ်နေတာနော်။ နောက်ထပ်မိနစ်30 ပဲ့အချိန်ရမယ် "

ရှောင်းကျန့်မှာ နားမထောင်ပဲ အပြင်ကိုသာပြေးထွက်သွားသည်။

ဟွန့်....ငါကမင်းပြောသလိုနေမယ်များထင်နေလား ။

ရှောင်းကျန့်ကခြံတံခါးကို ဖွင့်ပြီး အပြင်ကိုရောက်လာခဲ့သည်။ အရင်ကဆိုကားတွေနဲ့ ဘော်ဒီဂတ်အပြည့်နဲ့သာ သွားလာခဲ့တာ။ အခုတော့....ဘာဆိုဘာမှမရှိတော့ဘူး။

နေအုံးအခုငါ့ပြဿနာက လမ်းမသိတာပဲ့။

ရှောင်းကျန့်မှာအမြဲ ကားထဲကမျက်လုံးလေးမှိတ်ရင်း အေးအေးဆေးဆေးသာ သွားနေကျပင်။ သူသွားလိုရာအားလုံးကို စကားတစ်ခွန်းလေးနဲ့ ဘယ်သွား၊ ဘယ်နေရာသွားဆိုတာပြောလိုက်ရုံလေး...ဆယ်ကျော်သက်အရွယ်တုန်းက တစ်ခါလေးပဲ့သူငယ်ချင်းနဲ့အတူ ခိုးပြီးဂိမ်းဆော့၊လျှောက်သွားလုပ်ဖူးတာ။ ဒါတောင်သူငယ်ချင်းဖြစ်သူက လမ်းပြပေးလို့ပင်။ နောက်ပိုင်း ဘယ်တော့မှတစ်ယောက်ထဲသွားလာတာမျိုးမရှိတော့။ ပြောရရင် သခင်လေးက ကားလိုင်စင်ကိုတောင် အိမ်မှာနေရင်းအေးအေးသာသာနဲ့ ရထားတာဖြစ်တယ်။ တကယ်မောင်းခိုင်းကြည့်ရင်....မမောင်းခိုင်းတာပဲ့ကောင်းပါတယ်လို့တောင် ပြောရမည်။

The Dream is...(complete)Where stories live. Discover now