Part 12 (The Dream is)

1.6K 92 3
                                    

Unicode

အပိုင်း ၁၂

" ဟက် ဘာလို့ ကျွန်တော့်ကိုမကြည့်ရဲတာလဲ "
ရိပေါ်မှာ နမ်းရာကလွှတ်လိုက်တာနဲ့ ခေါင်းပြန်မဖော်တော့တဲ့အပြင် အကြည့်ချင်းတောင်မဆုံပဲ ရှက်နေသည့်ရှောင်းကျန့်ကို မေးဖျားကဆွဲပြီးသူ့ဘက်ကို အတင်းလှည့်ကြည့်ခိုင်းရသည်။ ဒါတောင်မျက်စောင်းလေးနဲ့ ကြည့်ပြီး ဆူပုပ်ပုပ်အော်သေးသည်။

" ဘယ်သူကမကြည့်ရဲတာလဲ....ဟွန်း ရယ်ရလို့သေမယ် "

ရှောင်းကျန့်မှာ ရိပေါ်ပေါင်ပေါ်က တဖြည်းဖြည်းထပြီး တခြားဘက်မှာသွားထိုင်သည်။

" ge နာနေသေးလား "

" fu*k....မင်းခံကြည့်ပါလား "

ရိပေါ်ခေါင်းသာခါလိုက်နိုင်သည်။ ခုဏကသူ့မိဘတွေရှိတုန်းကတော့ ချစ်စရာကောင်းပြီး ယဥ်ကျေးလွန်းတဲ့ချွေးမလေးလိုပင်။

"နောက်ထပ်ရှင်းစရာရှိသေးတယ် "

ရှောင်းကျန့်မှာ သူဘာလုပ်ထားသေးလဲလို့ အသက်အောင့်ပြီးတွေးလိုက်ရသည်။

ဘာလုပ်ထားသေးလဲ။ သေချာစဥ်းစား ရှောင်းကျန့်ရာ။ နောက်ထပ်အပြစ်ပေးမယ်ဆိုပြီး လုပ်ရင်တော့ငါဒီတသက် လမ်းလျှောက်နိုင်မှာမဟုတ်တော့ဘူး။

အသဲအသန်ဖြစ် စဥ်းစားသော်လည်း ရိပေါ်ပြောသည့် အဓိပ္ပါယ်ကိုမသိသေးချေ။ ဒါကြောင့် ရိပေါ်တစ်ခွန်းပြောလိုက်တာနဲ့ ကြက်သီးလေးတွေတန်းစီထလာတော့သည်။

" ge... ge အရင်က ဒီအိမ်တော်မှာ CCTV ၁၀လုံးတပ်ထားတယ်မလား။ ခြံတံခါး၊ အိမ်တံခါး၊ ဧည့်အခန်း၊ စာကြည့်ခန်း၊ အိမ်တော်အနောက်ဘက်ကရေကူးကန်၊ နောက်ထပ်လေးခုကို ခြံပတ်ပတ်လည်မှာတပ်ထားတယ်။ နောက်ဆုံးတစ်ခုကိုက....... "

ဂလု....

ရှောင်းကျန့်မှာ တံတွေးမျိုချလိုက်သည်။

သူသိသွားပြီလား။

ရိပေါ်ကရှောင်းကျန့်ရဲ့ ပေကလပ် ပေကလပ်လုပ်နေသည့် မျက်လုံးလေးတွေကြောင့် ရယ်ချင်စိတ်ကိုအောင့်ထားလိုက်သည်။ သူကခပ်ထန်နေတဲ့ အသွင်ဖမ်းလိုက်ကာ

The Dream is...(complete)Where stories live. Discover now