Part 19 (The Dream is)

1.1K 68 4
                                    

Unicode

အပိုင်း ၁၉

" သတင်းထူး .... Boss မင်္ဂလာဆောင်တော့မယ်တဲ့ "

" အခု company page ရဲ့ထိပ်သီးခေါင်းစဥ်ဖြစ်နေတာ "

" What?????... ဘယ်သူနဲ့လဲ "

" သူ့ပုံကို တင်ထားတယ် ....... သူက အရင်တစ်ခေါက်က Boss ခေါ်လာတဲ့ကောင်လေးပဲ့ "

Company မှာအံ့သြလို့မဆုံးတဲ့ စကားသံတွေကြားရပြီးနောက် သူတို့တွေကလည်း Boss ကိုဂုဏ်ပြုစကားများရေးတင်ကြတော့သည်။

..............

" ရိပေါ် .... ဒါ မစောဘူးလား "

ရှောင်းကျန်က မင်္ဂလာဖိတ်စာကို ဖတ်ရင်း တစ်ဖက်ကမင်္ဂလာဝတ်စုံတွေ ကြည့်နေတဲ့ ရိပေါ်ကိုလှမ်းမေးသည်။ ရိပေါ်က ပြန်တော့ဖြေပါတယ်။ အဖြေကနည်းနည်းလွဲနေရုံ‌ေလးရယ်ပါ။

" ဒီတစ်စုံကပိုကောင်းတယ်မလား။ အနက်ရောင်လေးနဲ့ အဖြူလေး ဒါမှမဟုတ်ရင် ဒီတစ်စုံရော ... "

" ဝမ်ရိပေါ် "

" ဒါကိုရွေးမယ် ဒီဝတ်စုံကို ပြင်သစ်ဒီဇိုင်နာကချုပ်ထားတာ ပြီးပြည့်စုံတယ် "

ရှောင်းကျန့်မှာ မျက်လုံးအသာလှန်ရင်း ရိပေါ်ရဲ့မျက်နှာကို လက်ခုပ်ထဲထည့်ကာ သူ့ဘက်လှည့်စေတယ်။ အဲ့လိုမလုပ်ရင် သူပြောတာနားထောင်မှာမဟုတ်ဘူး။

ထိုအခါမှ ဖုန်းထဲဝတ်စုံကြည့်နေတဲ့ မျက်လုံးတွေက ရှောင်းကျန့်ဆီပြန်ရောက်လာသည်။

" ရိပေါ် ge .... တို့သာလေ ပြန်ပြီးနေရာပြောင်းသွားကြရင်ရော ..... ge ပြောတာ ရုတ်တရက်ကြီးလေ "

ရိပေါ်က မဆိုသလောက်လေး ရယ်လိုက်တယ်။ သူက သူ့ရဲ့ပါးကိုအုပ်ကိုင်ထားသည့် ရှောင်းကျန့်လေးရဲ့လက်ဖဝါးကို ပါးနဲ့ခပ်ဖွဖွပွတ်လိုက်ပြီး

" ge ဒါကဘာစိုးရိမ်စရာရှိသေးလို့လည်း အခုအချိန်မှာ ge ရော ကျွန်တော်ရော တစ်ယောက်ကိုယ်တစ်ယောက် ချစ်နေကြတာ သိနေပြီလေ ... အဲ့အချိန်ဘယ်သူကလာတားနိုင်မှာမို့လဲ "

ရှောင်းကျန့်က သူမြင်ခဲ့တဲ့အတိတ်တစ်ချို့ကို ပြန်တွေးမိသည်။ ဒီအကြောင်းတွေ ရိပေါ်ကိုပြောပြသင့်တယ်မလား။

The Dream is...(complete)Where stories live. Discover now