Part 6 (The Dream is)

1.8K 103 1
                                    

Unicode

အပိုင်း ၆

နေမင်းကြီးက တဖြည်းဖြည်းနဲ့ကွယ်ပျောက်လာသည်။ ထို့အတူညလေအေးလေးတွေကလည်း တဖြည်းဖြည်းနဲ့စတင် တိုက်ခိုက်နေလေပြီ။ တိတ်ဆိတ်လျက်ရှိတဲ့ အိမ်တော်ကြီးရဲ့ဧည်းခန်းအတွင်းက ဆိုဖာခုံအရှည်ပေါ်မှာ အိပ်မောကျနေတဲ့ ကောင်လေးတစ်ယောက်ရှိလေတယ်။

ရုတ်တရက်ဆိုသလို မီးဖိုချောင်ထဲကနေ မွှေးပျံ့တဲ့ရံနံတွေသင်းပြန့်လာတာမို့ အိပ်ပျော်နေရှာတဲ့ ကောင်လေးမှာလှုပ်လှုပ်ရွရွဖြစ်လာလေသည်။

ထို့နောက်မျက်လုံးလေးများပွင့်လာကာ ပတ်ဝန်းကျင်ကိုစူးစမ်းနေလေသည်။

" ဗိုက်ဆာတယ် "

ရှောင်းကျန့်မှာ အိပ်မှုန်စုတ်ဖွားလေးနဲ့ မီးဖိုချောင်ကိုသွားဖို့ပြင်သည်။ ခြေထောက်တွေဆီကနေ အအေးဓာတ်ကို ခံစားရတာမို့ ငုံ့ကြည့်တော့ အကျီ်တစ်ထည်တည်းသာ ဝတ်ထားကြောင်းသိလိုက်ရသည်။ သူကအိပ်မပျော်ခင်အဖြစ်အပျက်တွေကို တွေးလိုက်ရင်းကြက်သီးလေးတွေတောင် ထလာရတယ်။

" ငါတကယ်ကြီးစိတ်ပါသွားတာလား "

သူလမ်းလျှောက်လိုက်တိုင်း အနောက်တစ်နေရာက အဆင်မပြေတာမို့ ခါးကိုကိုင်ရင် ကိုယ်ဝန်သည်လေးတစ်ယောက်လို ဖြည်းဖြည်းချင်းလျှောက်လှမ်းရသည်။ မီးဖိုချောင်ထဲကို လှမ်းကြည့်လိုက်တော့ ဟင်းတစ်မျိုးကို ကြွေပန်းကန်လေးထဲထည့်နေတဲ့ ရိပေါ်ကိုတွေ့လိုက်ရသည်။ ရိပေါ်ကတော့ ဟင်းမဖိတ်ကျစေဖို့ အာရုံစိုက်နေတာကြောင့် ရှောင်းကျန့်ရောက်လာတာကို သိမည်မထင်။

လုံးဝရုပ်တည်ကြီးနဲ့ ဒီအိမ်ကိုရောက်လာကာစက လိုပဲ့။

အလယ်တန်းကျောင်းသားလေးတစ်ယောက် ၁၄နှစ်ရွယ်ကောင်လေး။ အမေဖြစ်သူအလုပ်လာလုပ်တာမို့ ဒီအိမ်ကြီးကို သားဖြစ်သူကိုပါခေါ်လာခဲ့တယ်။

ဒီချိန်ပထမဆုံး ဆုံခဲ့တဲ့အချိန်ပဲ့။

" ငါက ရှောင်းကျန့် မင်းနာမည်ဝမ်ရိပေါ်မလား။ မင်း ငါ့ထပ်ငယ်တယ်ဆိုတော့ ge လို့ခေါ်လို့ရတယ် "

" ဟုတ် ge "

ရိပေါ်ရဲ့အမေက လက်ရှိအသက်အရွယ်ထပ်တောင် ငယ်ရွယ်ပုံရပြီးလှပတဲ့အမျိုးသမီးတစ်ယောက်ပင်။ ဒါမဲ့သူမမှာ မွေးရာပါနှလုံးမကောင်းတဲ့ ရောဂါရှိနေခဲ့ရတယ်။ သူမတို့မိသားစုကအဆင်ပြေပါတယ်။ ဒါမဲ့ရိပေါ်လေးမွေးပြီးတစ်နှစ်အတွင်းမှာ စတင်ပြီးပြောင်းလဲလာခဲ့တယ်။ ခင်ပွန်းဖြစ်သူကစောစီးစွာ ဆုံးပါးသွားခဲ့ရပြီး စီးပွားရေးအဆင်မပြေဖြစ်လာကာ ဖွင့်ထားတဲ့စားသောက်ဆိုင်လေးလည်း ပိတ်လိုက်ရသည်။ ထို့နောက်အိမ်တော်တစ်ခုက ထမင်းချက်ဖို့အလုပ်သမားခေါ်နေတဲ့သတင်းကြောင့် သားလေးကိုခေါ်ကာ အလုပ်ဝင်ခဲ့သည်။

The Dream is...(complete)Where stories live. Discover now