Part 16( The Dream is)

1.1K 73 1
                                    

Unicode

အပိုင်း ၁၆

"ဝမ်...ဝမ်ရိပေါ် .... သူအလုပ်သွားပြီထင်တယ် "

ရိပေါ်ရဲ့ အပေါ်ထပ်အခန်းကို တက်လာပြီး တံခါးရှေ့တိုးတိုးပြောလိုက်သည်။ သူတို့နေ့လည်ပိုင်း car s×xပြီးတော့ ရှောင်းကျန့်မှာ သူ့အခန်းထဲတစ်ရေးတစ်မော အိပ်ပျော်သွားရသည်။ သူမအိပ်ခင် ရိပေါ်က သူ့ကိုသန့်ရှင်းရေးလုပ်ပေးပြီး အလုပ်ကိုခဏသွားဦးမည်လို့ ပြောခဲ့တာမှတ်မိသည်။

" ငါ ဒီနားကစတိုးဆိုင်လေး ခဏသွားပြီး ဗိုက်ဗိုက်လေးဖြည့်ရမယ် "

ရှောင်းကျန့်က ရိပေါ်ရဲ့စည်းကမ်းဆိုတာတွေကို မေ့ထားလိုက်သည်။ ဘာဖြစ်ဖြစ်သူနေ့လည်က စည်းကမ်းလျော့ပေါ့ပေးဖို့ ပြောထားတယ်မလား။

" ဒါမဲ့ ငါအဲ့ခွေးပေါက်လေးကို ကြောက်တယ်ဟ "

ရှောင်းကျန့်မှာ သူ့ရဲ့ခြေ‌ေထာက်လေးနှစ်ဖက်ကို စေ့လိုက်မိတယ်။ ထို့နောက်ရိပေါ်ကိုဖုန်းဆက်လိုက်သည်။

ငါအခုအိမ်အပြင်ထွက်ဖို့ မိဘကိုလှမ်းပြောရတဲ့ သုံးနှစ်သားလိုဖြစ်နေပြီ။

" ဝေး.....ဝမ်ရိပေါ် .... မင်းအခုအလုပ်များနေလားဟင် "

ရှောင်းကျန့်မှာ ကိုယ့်ကိုယ်ကို ပြုံးစိစိနဲ့ လုပ်နေမိမှန်း မသိချေ။ တဖက်က ခဏတိတ်ဆိတ်သွားပြီးနောက်...

" ကျွန်တော် ge အတွက်ဆို အမြဲအားပါတယ် "

" အင်း~~~ge အခုဟိုလမ်းထိပ်က ဆိုင်လေးဆီသွားမလို့ "

ဖုန်းထဲက မရဲတရဲအသံလေးကြောင့် ရိပေါ်ပြုံးလိုက်သည်။ ge အခုအရမ်းချစ်ဖို့ကောင်းနေတာ။ အခု ge အနားသာရှိနေရင် မလှုပ်နိုင်အောင် နမ်းပြစ်မိမှာ ...

" ge မှာပိုက်ဆံရှိလို့လား။ ကျွန်တော်ကငွေသားမသုံးဘူး။ ကတ်ထဲမှာစုထားတတ်တာ ge မှာအခုသုံးဖို့မရှိရင် ကျွန်တော့် ဗီဒိုထဲပိုက်ဆံအိတ်ထဲယူသွားနော် "

ရိပေါ်ပြောတာ့ တစ်ဖက်က စူပုပ်ပုပ်အသံလေးထွက်လာသည်။

" ဟွန်း ... အခုငါ့အသက် 30 ကျော်မှ ပိုက်ဆံတောင်းနေရတယ်တဲ့ "

The Dream is...(complete)Where stories live. Discover now