Part 17 (The Dream is)

1.1K 74 0
                                    

Unicode

အပိုင်း ၁၇

မနက်ခင်း နေရောင်က ပြတင်းပေါက်လိုက်ကာလေးတွေက တစ်ဆင့် အတွင်းသို့ဖြာကျလာပြီး အခန်းလေးကိုအလင်းရောင်များနဲ့ လင်းထင်းစေသည်။

ညနက်ခင်ကတည်းက အိပ်ပျော်သွားခဲ့တဲ့ ရှောင်းကျန့်မှာ ဦးစွာနိုးလာရသည်။

သူ့ကိုတင်းကျပ်စွာပွေ့ဖက်ထားတဲ့ ရိပေါ်ကိုအသာလေးစောင်းကြည့်မိသည်။

ရိပေါ် မနေ့ကge သိခဲ့တာတွေက အမှန်တရားတွေလား။ အဲ့ဒါတွေကအမှန်တရားတွေဆို ge ရိပေါ်အပေါ်မှာ အကြွေးတင်နေတာတွေပိုများနေတာပဲ့။ အဲ့တာကြောင့် ge အခုလိုဖြစ်သွားရတာပဲ့။

သူ့အတွေးတွေမဆုံးခင် ရိပေါ်ရဲ့မျက်ခုံးလေးတွန့်ချိုးသွားတာမို့ အာရုံတွေအမြန်လွှဲလိုက်ရသည်။

ဒီဖြောင့်တန်းနေတဲ့ မျက်ခုံးနက်နက်လေး နှာတံနဘေးအပေါ်ဘက်လေးမှာ မှဲ့သေးသေးလေးတစ်လုံးလည်းရှိသေးတယ်။ ဒီလိုပြီးပြည့်စုံနေတဲ့ ကလေးတစ်ယောက်ရဲ့ ဘဝကိုသူ့လိုဘဝနဲ့ လဲခဲ့မိတာ။

ဒီအတောအတွင်း အရမ်းပင်ပန်းခဲ့ရမှာပဲ့။

ရှောင်းကျန့်က ရိပေါ်အနားတိုးသွားပြီး တိုးတိုးလေးခေါ်သည်။

" ရိပေါ် .... နိုးနေတယ်မလား.... "

"......."

ရိပေါ်ဆီကနေ တုန့်ပြန်သံမကြားတာမို့ မနိုးသေးဘူးထင်သွားသည်။

ရှောင်းကျန့်မှာ ရိပေါ်ရဲ့ပါးအနီးကို တိုးကပ်လိုက်ပြီး နှုတ်ခမ်းလေးနဲ့ ခပ်ဖွဖွလေးထိကပ်လိုက်သည်။

" ဒါက အိပ်နေတဲ့ လူကိုခိုးနမ်းတာလို့ ယူဆရတယ်မလား "

" ဟမ် ! "

ရှောင်းကျန့်မှာ လန့်ပြီး သူ့နေရာသူပြန်ရောက်သွားရတယ်။ သူ့မှာ ရှက်ရှိန်လေးနဲ့ မျက်ခုံးတွေကြုတ်ပြီး ရိပေါ်ကိုဘောက်ဆက်ဆက် ပြန်ပြောသည်။

" ရိပေါ် မင်းပါးကစေးကပ်နေတာပဲ့ ညစ်ပတ်တယ် "

ရိပေါ်က ခပ်ဟဟ ရယ်လိုက်ပြီး ရှောင်းကျန့် အပေါ်အုပ်မိုးလိုက်သည်။ ထို့နောက် ရှောင်းကျန့်ရဲ့နှာခေါင်းလုံးလုံးလေးကို လက်ညိုးနဲ့လက်မသုံးကာ ခပ်ဖွဖွဆွဲလိုက်သည်။

The Dream is...(complete)Where stories live. Discover now