Part 13 (The Dream Is )

1.7K 95 5
                                    

Unicode

အပိုင်း ၁၃

ဟိုင်မေ့မေ့က ချိုသာသောအပြုံးလေးနဲ့ ရိပေါ်ကိုပြုံးပြတယ်။ ထို့နောက် စနောက်နေသလိုအသံလေးနဲ့ ပြောသည်။

" ရိပေါ် ငါလည်းလိုက်လို့ရတယ်မလားဟင် "

သူမက ရှောင်းကျန့်ကိုလည်း ပြုံးပြသည်။ သူမရဲ့အပြုံးတွေထဲမှာ ရှောင်းကျန့်ကိုအထင်သေးသည့် အကြည့်တွေမပါဘူး။

ရှောင်းကျန့်ကလည်း မဆိုသလောက်လေးပြုံးလိုက်မိတယ်။

ငါထင်သားပဲ့ ဟိုင်မေ့မေ့က တခြားသူငယ်ချင်းတွေလိုမဟုတ်ဘူးဆိုတာ။

ရိပေါ်က ရှောင်းကျန့်ရဲ့ထိုအပြုံးသေးသေးလေးကို မြင်ဖြစ်အောင်မြင်လိုက်သေးသည်။ သူက တမင်တာကာ ဟိုင်မေ့မေ့အတွက်နေရာဖယ်ပေးလိုက်ပြီး ဓာတ်လှေကားအတွင်း ဝင်ခွင့်ပြုသည်။

" မေ့မေ့ company ကိုလာတာ ဘာကိစ္စနဲ့လဲ "

ဟိုင်မေ့မေ့က ရှောင်းကျန့်ကိုတစ်ချက်ကြည့်ပြီး

" ငါနင့်ဆီလာတာ။ နင်ဟိုတစ်နေ့က ချန်းယီ နဲ့ဆုရန်ရှန်း...."

ရှောင်းကျန့်မှာ ထိုနှစ်ကောင်နာမည်ကို ကြားတာနဲ့ နဖူးကဒဏ်ရာတောင်ပြန်နာလာသလိုပင်။

ရိပေါ်က ချက်ခြင်းစကားကိုဖြတ်ပြောသည်။ " မေ့မေ့ အဲ့ကောင်တွေအကြောင်းဆို ငါမကြားချင်ဘူး။ "

မေ့မေ့က ပြုံးလိုက်သည်။ ထို့နောက်ရှောင်းကျန့်ကို မေးဆက်ပြလိုက်ကာ

" နင်သူ့ကိုအတော်သဘောကျပုံပဲ့ ငါနဲ့သေချာမိတ်ဆက်ပေးအုံးလေ "

ရှောင်းကျန့်နဲ့ရိပေါ်မှာ အချင်းချင်းတစ်ယောက်ကို တစ်ယောက်ကြည့်လိုက်သည်။ ရိပေါ်ကစနောက်လိုသည့် အပြုံးမျိုးနဲ့ မေ့မေ့ကိုကြည့်လိုက်တယ်။ ထို့နောက်

" သူကငါ့အရုပ်လေးလေ "

" မင်း! "

ရှောင်းကျန့် ဝင်ပြောမလို့လုပ်ပေမဲ့ ဓာတ်လှေကားတံခါးက ပွင့်သွားပြီး ရိပေါ်နဲ့ဟိုင်မေ့မေ့က သူ့ကိုချန်ထားပြီး အရင်ထွက်သွားကြသည်။

ရှောင်းကျန့်မှာ ဆူပုပ်ပုပ်နဲ့ ရိပေါ်ကိုမေတ္တာပို့ပေးရင်း လိုက်လာရသည်။ ထို့အပြင် ရုံးခန်းအထဲကို သူတို့နှစ်ယောက်တည်း ဝင်သွားပြီး ရှောင်းကျန့် ဝင်မလို့လုပ်တုန်း တံခါးက ပိတ်သွားပြန်သည်။

The Dream is...(complete)Where stories live. Discover now