Part 8 (The Dream is)

1.6K 100 1
                                    

Unicode

အပိုင်း ၈

" တက်ခဲ့ အိမ်ရောက်မှအပြစ်ပေးမယ် "

ရှောင်းကျန့်မှာ တက်ခဲ့ ဟူသောစကားကြောင့် တက်မလို့ပြင်ပြီးမှ နောက်ဆက်တွဲစကားကြောင့် ရိပေါ်ကိုပြန်ကြည့်ရှာတယ်။

ရိပေါ်မှာ ဆိုင်ကယ်ဦးထုပ်ကိုပြင်ဆောင်းပြီးတဲ့အထိ ရှောင်းကျန့်မှာမလှုပ်မရက်နဲ့ ရပ်နေတာကိုတွေ့လိုက်ရသည်။

" ဘာလဲ...ဒီမှာနေခဲ့တော့မလို့လား...ဒါဆိုလဲရတယ်...ငါလမ်းပြောပြမယ် ကိုယ့်ဘာသာလိုက်လာ "

" လိုက်မယ်...ရပြီလား "

ရှောင်းကျန့်က ချက်ခြင်းမတက်သေးပဲနဲ့ သူ့နွားနို့ဘူးကိုအဖုံးပိတ်နေသေးသည်။ ထို့နောက်ကြွတ်ကြွတ်အိတ်လေးထဲ ပြန်ထည့်လိုက်ပြီး လက်ကောက်ဝတ်မှာပြန်ချိတ်ဆွဲလိုက်တယ်။ ထို့နောက် ရိပေါ်အနောက်ကနေ ခပ်ခွာခွာဖြစ် ဆိုင်ကယ်ပေါ်တက်ထိုင်လိုက်သည်။

" သေချာကိုင်ထား..."

ရိပေါ်အပြောကို ထပ်ပြီးဂရုမစိုက်ဘူး။ ရလဒ်အနေနဲ့ ဆိုင်ကယ်မောင်းလိုက်တာနဲ့ ကြောက်လန့်တကြားနဲ့ ရိပေါ်ကိုဖက်လိုက်ရသည်။

" ဘယ်လိုမောင်းနေတာလဲ။ ဖြေးဖြေးမောင်း "

မျက်လုံးအသေမှိတ်ထားရင်း ရိပေါ်ကိုအော်ပြောလိုက်သည်။ ရိပေါ်က တစ်ချက်ရယ်လိုက်ရင်း

" ဒီဆိုင်ကယ်ကို ရိုးရိုးဆိုင်ကယ်လေးတွေလိုမျိုးထင်နေတာလား။ ဟက်....စက်ဘီးတောင်သေချာမစီးတတ်တဲ့ သခင်လေးက ဘယ်သိမလဲ "

" မင်း..... !! "

အိမ်ကိုရောက်တဲ့အထိ ဖက်ထားတာမလွှတ်ပေးသေးပေ။ ရိပေါ်ဆိုင်ကယ်ဦးထုတ်ကို ချွတ်ပြီးရှောင်းကျန့်ကိုလှည့်ကြည့်လိုက်တယ်။ မျက်လုံးကိုအသေပိတ်ထားတာ....

" ဟေ့....အိမ်ရောက်ပြီ..တံခါးသွားဖွင့် "

ရှောင်းကျန့် မျက်လုံးဖွင့်လိုက်တယ်။ သူကဖက်ထားတဲ့ လက်တွေကိုအမြန်ပြန်ခွာသွားပြီး ဆိုင်ကယ်ပေါ်ကခုန်ဆင်းကာ တံခါးသွားဖွင့်သည်။ ထို့နောက်ရိပေါ်ကိုမစောင့်ပဲ အိမ်ထဲတန်းဝင်သွားတော့တယ်။

The Dream is...(complete)Where stories live. Discover now