Part 18 (The Dream is)

1.1K 82 4
                                    

Unicode

အပိုင်း ၁၈

" သား company ကို......"

မားက အခန်းထဲကို မဝင်ခင် စကားပြောလာခဲ့သည်။ ပါးကလည်း နောက်မှဝင်လာခဲ့ပြီး အထဲကအခြေအနေကို တွေ့လိုက်တော့ နှစ်ယောကါလုံးအေးခဲလျက် ...

"ပါး !"

ရိပေါ်ရဲ့အော်သံအဆုံးမှာ ပါးနဲ့မားရော တံခါးပိတ်ပြီး အပြင်ပြန်ထွက်သွားကြသည်။

ရှောင်းကျန့်မှာ အမြန်ထပြီး ရိပေါ်ကျောကုန်းကို ခပ်ပြင်းပြင်းရိုက်လိုက်တယ်။

ရှက်စရာကောင်းလိုက်တာ။ ပါးနဲ့မားအရှေ့မှာမှ မိရတယ်လို့... ဒီနားမှာ တွင်းလေးများရှိရင် ပြောကြပါလား ခဏလောက်ဝင်ပုန်းလိုက်ချင်လို့!

" ကြည့်ပါလား အလုပ်မှာပါဆိုတာကို သတိပေးနေရက်နဲ့ ဝမ်ရိပေါ် !!! နောက်ထိဖို့ဆိုတဲ့အတွေး အဝေးကိုပို့ထားလိုက်တော့ "

ရှောင်းကျန့်တစ်ယောက် ဆူပုတ်နေတုန်း ရိပေါ်မှာ အဝတ်အစားတွေသေသပ်အောင် ပြန်လုပ်နေရပြီး ကျထားတဲ့ဖိုင်တွေကို ပြန်ကောက်ရသည်။ ထို့နောက် သူ့ကိုကျောပေးထားတဲ့ ယုန်ပေါက်အနားကိုသွားကာ

" ge ပါးတို့က နားလည်ပါတယ်ဆို အဲ့အတွေးကိုတော့ အဝေးမလွှတ်ပြစ်ချင်ဘူးနော်လို့ အခုတောင် မကျသေးတာ "

ရိပေါ် မျက်လုံးမှေးစဥ်းရင်း ရိပေါ်ရဲ့ခန္ဓာကိုယ်အလည်ပိုင်းကို မသိမသာကြည့်လိုက်သည်။ ထိုနေရာက မသိမသာလေး ဖောင်းနေတုန်း ....

ခံလိုက်တော့ ခွေးပေါက်လေး....

ရှောင်းကျန့်မှာ ထိုအချက်ကြောင့် စိတ်ရှုပ်နေတာတွေတောင် လျော့နည်းသွားရတယ်။

သူ ဒီလိုပိုင်စိုးပိုင်နင်းလုပ်တတ်တဲ့ ခွေးပေါက်လေးကို မကျေမနပ်ဖြစ်နေခဲ့တာ အခုတော့နည်းနည်းလောက်ခံစား ခိုင်းရမည်လေ။

ခဏကြာတော့ ပါးနဲ့မားကို ရိပေါ်တံခါးဖွင့်ပေးလိုက်သည်။ ရိပေါ်မားက ဆိုဖာခုံမှာဝင်ထိုင်လိုက်ပြီး မျက်နှာချင်းဆိုင်မှာ ဝမ်ပါးက ဝင်ထိုင်သည်။

ဒီလိုအခြေအနေက ပထမဆုံးမိခဲ့တဲ့ အချိန်ထပ်တောင် လေထုအခြေအနေက သိပ်သည်းနေသေးတယ်။

The Dream is...(complete)Where stories live. Discover now