Chapter(1)

1.4K 87 0
                                    

Unicode
ချန်ကျင်းပြည်ထောင်စု၊ ထျန်းယွမ်တိုင်းပြည်ရဲ့ (၂၀၉)နှစ်မြောက် နှစ်ပတ်လည်နေ့။

ချစ်သူများနေ့ဖြစ်တဲ့ ဇွန်လရဲ့ခြောက်ရက်မြောက်နေ့မှာတော့ မြို့တော်ရှိလူအားလုံး ပျော်ရွှင်မြူးထူးနေကြသည်။ ကောင်းကင်ပေါ်မှာ အရောင်အသွေးစုံလင်လှတဲ့ မီးရှူးမီးပန်းတွေက တောက်ပထွန်းလင်းနေကြပြီး လမ်းသွားလမ်းလာတို့ကလည်း ရယ်မောရင်း စကားတပြောပြောနဲ့ လမ်းလျှောက်နေကြ၏။

တချို့အပျိုလူပျိုတွေက တစ်ယောက်နဲ့တယောက် ကျီစယ်နေကြပြီး တချို့ကတော့ ကဗျာယှဉ်ပြိုင်ရွတ်ဆိုနေကြသည်။ နောက် ချီစွမ်းအင်သုံးပြီး တိုက်ခိုက်ရသော ပြိုင်ပွဲကလည်း ကျင်းပထားသေးသည်။ ဒါကြောင့် ထိုညနေခင်းလေးမှာတော့ လူတိုင်းကာ စုဝေးနေကြပြီး ရယ်သံတွေမြို့တော်မှာ လွှမ်းခြုံနေတော့၏။

သို့သော် မြို့တော်အစွန်အဖျားနားက တိတ်ဆိတ်နေတဲ့ခြံဝန်းလေးအတွင်းမှာတော့ စူးစူးဝါးဝါးအော်သံတခုထွက်ပေါ်လာပြီး ညအမှောင်ယံမှာ ပဲ့တင်ထပ်နေသည်။

"အား! ကျိုးကျိချန်း လူယုတ်မာကောင်! နင်နေ့မိုးကြိုးပစ်ခံရမယ်။ နင်က သားယောကျာ်းလေးမထွန်းကားပဲသေရမဲ့အကောင်"

ထိုခြံဝန်းငယ်၏ ထောင့်တစ်နေရာမှာတော့ သွေးအလိမ်းလိမ်းနဲ့အမျိုးသမီးတစ်ဦးက ထင်းပုံကြားမှ လေးဘက်ထောက်ပြီး အားတင်းကာ အပြင်ထွက်လာ၏။ သူမရဲ့ မျက်နှာက ဖ်က္ဆီးခံထားရကာ မျက်လုံးနှစ်လုံးကိုလည်း ဖောက်ထုတ်ခံခဲ့ရသည်။ ခုဆို သူမရဲ့မျက်နှာကြီးတစ်ခုလုံးက ကြောက်စရာပုံပေါက်နေပြီ။

ထိုချိန် အစေခံနှစ်ယောက်ကထွက်လာကာ သူမရဲ့ခေါင်းကို ရက်ရက်စက်စက်ပဲကန်ချပစ်တော့သည်။

"အရှက်မရှိတဲ့ခွေးမ! နင့်ပါးစပ်ပေါက်ကိုပိတ်ထားစမ်း! ငါတို့ရဲ့သခင်ကို နားငြီးအောင်မလုပ်စမ်းနဲ့"

ရုံချီယွဲ့က သူမခန္ဓာကိုယ်တစ်ခုလုံး ဓားနဲ့မွှမ်းခံထားရသလိုနာကျင်နေကာ အခုတော့ သူမရဲ့နောက်ဆုံးခွန်အားလေးလည်း ကုန်ဆုံးသွားလေပြီ။ သူမရှေ့ကို တစ်လက်မလောက်တောင် ထပ်လှမ်းဖို့အင်အားမရှိတော့တာကြောင့် ကျယ်လောင်စွာပဲ အော်ဟစ်မြည်တမ်းလိုက်၏။

General's Genius Daughter(MM translation)Where stories live. Discover now