Chapter(11)

682 105 2
                                    

Zawgyi

သခင်မကြီးလည်း သူမရဲ့အမူအရာကိုမြင်တော့ အတော်လေးအံ့သြသွားသည်။ အတိတ်တုန်းကဆိုရင် ဟွားချီယွဲ့ဟာ သခင်မ ကြီးရှေ့ကိုရောက်တိုင်း ကျားကိုက်ခံရတော့မယ့် ယုန်သူငယ်လို တကိုယ်လုံးတုန်ယင်ကြောက်လန့်နေခဲ့ရတာဖြစ်၏။

ဒါပေမဲ့ ဒီနေ့မှာတော့ သူမကြည့်ရတာ လှပပြီး ကျက်သရေရှိလွန်းသည်။ ဟွားချီယွဲ့ရဲ့ ချောင်ကျနေတဲ့မျက်နှာလေးကိုမြင်တော့ သူမရဲ့အတိတ်ကပစ်ပယ်ခံရမှုတွေ အနိုင်ကျင့်ခံရမှုတွေကို ပြန်တွေးမိကာ သခင်မကြီးလည်း ရင်ထဲမကောင်းဖြစ်ရ၏။

"ယွဲ့အာ, ထိုင်ပါအုံး။ သမီး မတရားသဖြင့်ခံခဲ့ရတာကို အဖွားကြားပြီးပါပြီ။ အရမ်းမကြောက်နဲ့တော့နော်"

သခင်မကြီးဟွားဟာ အကြင်နာတရားရှိသူဖြစ်သည်။ သူမအရင်တုန်းက ဟွားချီယွဲ့အပေါ် မျက်နှာလိုက်တဖက်စောင်းနင်းနဲ့ ပစ်ပယ်ခဲ့ဖူးတာမှန်ပေမဲ့ အခု သူမရဲ့ပုံလေးကိုမြင်ချိန်မှာတော့ အံ့အားသင့်သွားရ၏။

"အဖွား, ကျွန်မဖြစ်ခဲ့တာတွေနဲ့ပက်သက်ပြီး စိတ်ပူအောင်လုပ်မိလို့ တောင်းပန်ပါတယ်။ ကျွန်မ မတရားအနိုင်ကျင့်ခံခဲ့ရတယ်။
ဪ ဒါနဲ့... အပြန်လမ်းမှာ အဖွားအတွက် လတ်ဆတ်တဲ့ပင်လယ်ခူတွေတွေ့လို့ ယူလာခဲ့သေးတယ်။ ဒီလိုအစားအစာမျိုးကရဖို့အရမ်းခက်ခဲတာ။ ကံကောင်းချင်တော့ ယုံဖူဘုရားကျောင်းက ဆရာတော်ရွှမ်ကျီးက သေချာစီစဉ်ပြီးထည့်ပေးလိုက်တာလေ။ ပင်လယ်ခူတွေက သွေးကြောတွေကိုအားကောင်းစေပြီး မျက်နှာကိုလည်းပြည့်တင်းစေတယ်တဲ့! ။
အဖွားက မိသားစုအတွက်အများကြီးကြိုးစားပေးခဲ့ရတဲ့လူဆိုတော့ ကြေးဇူးတငျခံဖို့ထိုကျတနျပါတယျ။ ဒါကြောင့် ကျွန်မပေးတာကိုလက်ခံပေးပါနော်"

ဟွားချီယွဲ့ပြောတဲ့စကားကိုကြားတော့ ဟွားမုန့်ရှီးနဲ့ဟွားရှောင်ရီ ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။

သူတို့ ကြားရတဲ့စကားကအတည်ကောဟုတ်ရဲ့လား?။ ဒီလိုမျိုး အဖွားကို လက်ဆောင်ပဏ္ဏာပေးပြီး အသာစီးယူလို့ရမယ်မှန်း သူတို့တခါမှမတွေးမိကြချေ။

General's Genius Daughter(MM translation)Where stories live. Discover now