Chapter(2)

914 87 0
                                    

Unicode
ဟန်ယွဲ့ဘုရားကျောင်းတွင် အလင်းရောင်တွေတထိန်ထိန်ထွန်းလင်းနေပြီး ဆူဆူညံညံအသံတွေလည်း အဆက်အပြတ်ထွက်ပေါ်နေသည်။

ပုံမှန်အတိုင်းဆိုရင် ဘုရားကျောင်းက တိတ်ဆိတ်ငြိမ်သက်နေရမှာဆိုပေမဲ့ ဒီနေ့လို ဇြန္လ( ၆)ရက်နေ့ညမှာတော့ လူအမ်ားက ပွက်လောရိုက်ဆူညံနေကြ၏။

စစ်သူကြီးဟွားလိထင်၏ အကြီးဆုံးသမီးဖြစ်သူ ဟွားချီယွဲ့က ဒီ ဟန်ယွဲ့ဘုရားကျောင်းက ငယ်ရွယ်ချောမောသော ကိုရင်လေးတစ်ပါးကို အမိဖမ်းဖို့ကြံသည်တဲ့လေ။ ဒီကိစ္စက အမ်ား၏ အာရုံကိုအတော်လေးဖမ်းစားမိတာကြောင့် လူအုပ်ကဟိုနေရာစုစု ဒီနေရာစုစုနှင့် အတင်းတုပ်နေကြ၏။

ယုံချီယွဲ့ သူမသတိလစ်သွားတာကိုပဲမှတ်မိသည်။ အခုလောလောဆယ်သူမရဲ့နဖူးလည်းအတော်လေးနာကျင်နေ၏။ ထို့အတူ အနီးနားကဆူဆူညံညံအသံတွေကိုလည်း သူမနားထဲကြားနေရသည်။

ဒါထူးဆန်းတာပဲ။ သူမက မင်းသမီးဟွိုင်ကျန့်ရဲ့အစေခံနှစ်ယောက်သတ်တာခံခဲ့ရတာမလား? အခုက် ဘာလို့သူမအနားမှာလူတွေအများကြီးရှိနေရတာလဲ? တခုခုပြောင်းလဲသွားလို့လား?

ရုံချီယွဲ့တဖြစ်လဲ ဟွားချီယွဲ့က သူမရဲ့မျက်လုံးတွေကို ဖြေးဖြေးချင်းဖွင့်ကြည့်လိုက်သည်။ ထိုအခါ သူမမျက်လုံးထဲ မရေတွက်နိုင်အောင်များသော မျက်နှာများပေါ်လာပြီး အလင်းရောင်ခပ်စူးစူးကိုလည်းရလိုက်၏။

ဒီစုဝေးနေတဲ့လူအုပ်ကြီးက သူမကိုတည့်တည့်ဦးတည်ကြည့်နေကြတာဖြစ်ပြီး ရှုတ်ချသည့်စကားများပြောနေကြောင်းလည်း သူမကြားရသည်။

"ကြည့်ပါအုံး... ဒါကဟွားမိသားစုရဲ့အကြီးဆုံးသမီးတဲ့! ရှက်ဖို့ကောင်းလိုက်တာအေ"

"သူမကအခုလူမိသွားပြီလေ။ ဟားဟား...ကြည့်ရတာတော့ ဟွားအိမ်တော်မှာ ဂယက်ထလိမ့်အုံးမယ်"

"ဟွားချီယွဲ့က တဏှာစိတ်ကြီးလွန်းတဲ့မိန်းကလေးဆိုတာ တယ်မှန်တာပဲ။ သူမက ကိုရင်တစ်ပါးကိုတောင် သွေးဆောင်ရဲတယ်! စိတ်ပျက်ဖို့ကောင်းလိုက်တာ"

"..."

ထိုချိန်မှာပဲ အစေခံမိန်းကလေးငယ်တစ်ယောက် ငိုယိုပြီးပြေးထွက်လာ၏။ ဟွားချီယွဲ့လည်း သူမကိုယ္သူမ စိတ်အေးအေးထားလိုက်ကာ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ လူတွေက သူမအနားမွာ အရမ်းကပ်ပြီး ဝိုင်းအုံနေတာမလို့ ဖောက်ထွက်လို့တော့မရနိုင်ပေ။

General's Genius Daughter(MM translation)Where stories live. Discover now