Chapter(7)

803 85 0
                                    

Unicode

"ဟွားချီယွဲ့, ကောင်းကောင်းအနားယူပါတော့။ ငါနင့်ရဲ့ခန္ဓာကိုယ်ကိုငှါးလိုက်ပြီ။ နင်နဲ့ထိုက်တန်တဲ့အရာအားလုံးကိုလည်း ငါပြန်ယူပေးမယ်လို့ ကတိပေးတယ်"

သူမစိတ်ထဲထိုစိတ်ကူးကိုတွေးမိတော့ အရင်ကလေးလံနေတဲ့ ခံစားချက်တွေ အနည်းငယ်ပေါ့သွားသလိုခံစားလိုက်ရသည်။

ထို့နောက် သူမတွေးပူနေတာတွေမရှိတော့တာမို့ အနားယူဖို့ ဟန်ပြင်နေစဉ် သူမရဲ့လက်က ခါးပေါ်ရှိအေးစက်စက်အရာတစ်ခုကိုထိမိသွား၏။

ထူးဆန်းနေတာကြောင့် ဟွားချီယွဲ့ကြည့်လိုက်သောအခါ ခါးပေါ်တွင် အစိမ်းရောင်လုံးရှိနေတာကိုတွေ့လိုက်ရသည်။ ဒါနဲ့ပဲ သူမအေသအခ်ာ ထပ်ငုံ့ကြည့်လိုက်တော့ ထိုအစိမ်းရောင်လုံးလေးသည် ကျောက်စိမ်းဘူးသီးလေးဖြစ်နေ၏။

ဟွားချီယွဲ့လည်း စူးစမ်းလိုစိတ်ပြင်းပြစွာနဲ့ ထိုဘူးသီးလေးကို ခါးမှဖြုတ်ကာ ထပ်ကြည့်ပြန်သည်။ ဒီအရာလေးက ဘာကြောင့်မှန်းရယ်မသိ သူမကိုအတော်လေးဆွဲဆောင်နေ၏။

"အကြီးဆုံးမမလေး, ဘာတွေလုပ်နေတာလဲ?"

ဟွားချီယွဲ့ ကျောက်စိမ်းဘူးသီးကိုအတည်ပေါက်နဲ့စိုက်ကြည့်နေတာကိုမြင်တော့ လုရှင်းလည်းမနေနိုင်ဘဲ ထမေးလိုက်တော့၏။

သူမတို့ရဲ့မမလေး သတိပြန်ရလာတဲ့ မနေ့ညကစပြီး တစ်ခြားလူတစ်ယောက်လို သိသိသာသာကြီးပြောင်းလဲသွားသည်။ ခုဆို သူမက အတော်လေးကြောက်တတ်ပြီး အရှက်ကြီးသည့်အရင်ကပုံစံနဲ့ လုံးဝကိုကွဲပြားခြားနားနေ၏။

ကြည့်ရတာတော့ သူမတို့မမလေး၏လေ့လာစူးစမ်းစိတ်တွေ အတော်လေးသန်မာအားကောင်းလာပြီလို့ ယူရွှီးနဲ့လုရှင်းသတ်မှတ်လိုက်ကြသည်။ သူမဟာ လန်ကျူးရဲ့ကိုယ်ပေါ်က ဂျုံမှုန့်ကိုတောင် တွေ့အောင်ရှာနိုင်၏။ နောက်ပြီး လန်ကျူးရဲ့ဝတ်စုံဟာလည်း ခရမ်းရောင်ဖြစ်နေတာကြောင့် လူတွေကဖြူဖြူမှုန့်တွေကိုအလွယ်တကူမြင်နိုင်ကြသည်လေ။

"ဒီကျောက်စိမ်းဘူးသီးလေးက....?"

ဟွားချီယွဲ့မျက်မှောင်ကြုတ်မိသွားသည်။ သူမရဲ့မှတ်ဉာဏ်တွေထဲမှာ ဒီကျောက်စိမ်းဘူးသီးနဲ့ပက်သက်သော သတင်းအချက်အလက်ကို အစရှာမရပေ။ ဒါကိုသူမဘယ်ကနေရလာသလဲကိုတောင် မသိ။

General's Genius Daughter(MM translation)Where stories live. Discover now