Chapter(8)

781 109 0
                                    

Unicode

"နောက်ဆုံးတော့ မင်းရောက်လာပြီပေါ့"

ထိုလူထူးဆန်းက ကျယ်လောင်စွာရယ်မောလိုက်သည်။ နောက်ပြီး သူ့ရဲ့ပုံစံကလည်း တခုခုကို ခံစားနေရသည့်ပုံပေါက်နေ၏။

"နှစ်ပေါင်းငါးရာလုံးလုံးစောင့်ခဲ့ပြီးနောက်ဆုံးတော့ ငါ့ဆီကို လူတစ်ယောက်လာတွေ့တာ ကြုံဖူးပြီ။ ငါ့ကိုပိတ်လှောင်ထားတဲ့ အဘိုးကြီးတွေက တအားကိုယုတ်မာလွန်းတယ်။ အာ့တာကြောင့်လဲ ဘယ်သူမှဝင်လာပြီးကယ်လို့မရတာနေမှာပေါ့။ ဒါပေမဲ့...."

သူက မျက်လုံးထဲကအလင်းတွေထွက်လာသလိုမျိုး ဟွားချီယွဲ့ရဲ့ ခန္ဓာကိုယ်ကို ကြည့်နေသည်။ သူ့ရဲ့ပုံစံက စိတ်ခံစားချက်ပြင်းထန်နေသလိုထင်ရပေမဲ့ တခုခုမကောင်းတာကြံစည်တော့မည့်အသွင်လည်းဆောင်နေ၏။

ထိုလူကို ဟွားချီယွဲ့ စိတ်အေးအေးထားပြီးစိုက်ကြည့်လိုက်သည်။

ဖြစ်သွားသည့်အရာတိုင်းက ထူးဆန်းနေတာမို့ သူမကိုယ်တိုင်လည်းရှင်းမပြတတ်တော့ပေ။ ယခုသူမတတ်နိုင်တာက ဒီလူ့ကိုမေးကြည့်ဖို့သာကျန်တော့၏။

"ဒါက ဘယ်နေရာလဲ? နောက်ပြီး ရှင်ကရော......ဘယ္သူလဲ? ကျွန်မကလည်းဘာကြောင်းဒီနေရာကိုရောက်နေရတာလဲ?"

ကိုလူချောက ဖြားယောင်းသွေးဆောင်နေသလိုအသံနဲ့ရယ်မောလိုက်ပြီး သူမနားကို ပေါ့ပါးစွာလမ်းလျှောက်လာသည်။ မျက်စိတစ်မှိတ်လေးအတွင်းမှာပဲ သူက ဟွားချီယွဲ့ရှေ့တွင် ဘွားခနဲပေါ်လာတော့၏။

အနီးကပ်မြင်ရသော မျက်ဝန်းတွေက ပြောင်လက်တောက်ပနေကာ အနီရောင်အလင်းတချို့ကိုလည်း ဖျတ်ခနဲဖျတ်ခနဲမြင်နေရ၏။ ထို့နောက် ဟွားချီယွဲ့ သူမလက်ကိုဆုက်ကိုင်ခံရသလိုခံစားမိလိုက်ကာ အမွှေးနံ့တစ်မျိုးကိုလည်းထူးထူးဆန်းဆန်းရလိုက်သည်။ ထိုရနံ့က သူမခေါင်းကို မူးဝေစေ၏။

ဟွားချီယွဲ့ရဲ့နှလုံးသားထဲတွင် ထိုလူချော၏ အက်ရှရှအသံက ရေခဲကန်တစ်ကန်ထဲ ကျောက်ခဲပစ်ချလိုက်သလိုနဲ့ ဆင်တူသည်ဟု သူမခံစားရသည်။

"မင်းရဲ့ ချီစွမ်းအင်သွေးကြောက ပျက်စီးနေတာပဲ။ ခက္လိုက္တာ!
ဒါပေမဲ့ ငါ့မွာ သက်စောင့်ဆေးရှိတယ်။ ယူလိုက်!"

General's Genius Daughter(MM translation)Where stories live. Discover now