Chapter (21) part 1

755 61 6
                                    

Zawgyi

ဟွားချီယွဲ့က ယွင်ရှီမော့အပေါ်ပိကျသွားတာကိုမြင်တော့ ဟွမ်းဖုရွှမ်းရဲ့ အသံကျယ်ကြီးကဦးစွာထွက်ပေါ်လာ၏။

"တော်တော်ရဲတင်းနေပါလား?။ မင်းက...မင်းက ငါ့ကိုစိတ်မဝင်စားတော့ဘဲနဲ့ အစ်ကိုယွင်ဆီချဉ်းကပ်ဖို့ကြံတာပေါ့လေ!!!"

ဆေးအကူဝန်ထမ်းလေးနှစ်ယောက်ကတော့ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေကြသည်။ ယောကျာ်းနဲ့မိန်းမဆိုတာ တစ်ဦးနဲ့တစ်ဦးထိကပ်ခွင့်မရှိဘူးလေ။ အခုတော့သူတို့တားတဲ့ကြားကဒီမိန်းကလေးက သခင်လေးအပေါ်ကိုပစ်လဲသွားပြီ။ မြင်ရတဲ့မြင်ကွင်းက တကယ်ကိုမသက်မသာပဲ!။

ဟွားချီယွဲ့ရဲ့ကိုယ်လုံးလေးသူ့အပေါ်ပြိုကျလာတော့ သင်းပျံ့တဲ့ကိုယ်သင်းနံ့ခပ်ပျော့ပျော့လေးကိုယွင်ရှီမော့ရလိုက်သည်။ ထို့အတူ သူမရဲ့ယိမ်းနွဲ့သောဆံနွယ်လေးတွေဟာလည်းသူ့မျက်နှာပေါ်ဖုံးအုပ်သွား၏။

သူမျက်လုံးဖွင့်ကြည့်လိုက်ချိန်မှာဟွားချီယွဲ့ရဲ့ ဖန်လိုကြည်စိုရွှန်းလဲ့သောမျက်ဝန်းလှလှလေးတွေကိုမြင်လိုက်ရသည်။

ဟွားချီယွဲ့လည်း ပြန်အသိဝင်လာတော့ ယွင်ရှီမော့ရဲ့လရောင်လိုနွေးထွေးသောအကြည့်တွေကြားကနေရအောင်ရုန်းထွက်လိုက်ရ၏။ သူမချက်ချင်းပဲခုန်ထွက်လိုက်ပေမဲ့လည်းကြောက်လန့်နေမိသည်။

"ကျွန်မ..ကျွန်မတောင်းပန်ပါတယ်။ တကယ်...တကယ်ကိုမရည်ရွယ်ပါဘူး"

"ဟွားချီယွဲ့! မင်းကအတော်ကိုဆိုးနေပြီပဲ! အစ်ကိုယွင်ကိုတောင်မချန် မင်းအီစီကလီလုပ်ရဲနေတာပေါ့လေ!!"

ဟွမ်းဖုရွှမ်းက ချက်ချင်းပဲရှေ့ကိုခုန်ဝင်ကာ ယွင်ရှီမော့ကိုပြေးထူပြီး ကြက်သားအုပ်မကြီးလို ရှေ့ကရပ်နေလိုက်သည်။

ဟွားချီယွဲ့မျက်မှောင်ကြုတ်လိုက်မိသည်။ သူမအနေနဲ့ ခုလိုအခြေအနေဖြစ်လာမယ်မှန်းထင်မထားခဲ့ပေ။

ထိုချိန် ထျန်းစီက သူမရဲ့စကတ်စကို လာကိုင်သည်။

ထို့ကြောင့်သူမပြန်အသိကပ်ကာ ထျန်းစီကိုဖက်လိုက်၏။

You've reached the end of published parts.

⏰ Last updated: May 06, 2023 ⏰

Add this story to your Library to get notified about new parts!

General's Genius Daughter(MM translation)Where stories live. Discover now