Chapter (20)

426 59 0
                                    

Zawgyi

ဟွမ်းဖုရွှမ်းရဲ့အမေက သားဖြစ်သူကိုလုံးဝဖျောင်းဖျမရခဲ့တာကြောင့် သူတို့နှစ်ဦးကြားစေ့စပ်ပွဲသည်လည်းပျက်သွားခဲ့ရသည်။ ထျန်းစီက ဟွမ်းဖုရွှမ်းရဲ့ရုတ်တရက်ပြေးဝင်လာမှုကိုမြင်တော့ကြောက်လန့်သွားမိကာ ဟွားချီယွဲ့နောက်တွင်ပုန်းနေလိုက်၏။

ဟွားချီယွဲ့ရဲ့မျက်နှာလည်းသုန်မှုန်သွားသည်။ ကြည့်ရတာ တဖက်ကအဖြူရောင်အမျိုးသားကတော့ မင်းသားနန်ဆိုသူပဲဖြစ်ရမည်။ ထိုလူကဒီဘက်ကိုလှည့်မလာပဲ နေရောင်အောက်မှာ ပတ်ဝန်းကျင်အလှကိုရှုစားနေ၏။

နေရောင်ကအပြင်ဘက်ရှိရေကန်ငယ်ပေါ်တိုက်ရိုက်ကျနေပြီး ရေတွေကတလက်လက်တောက်နေသည်။ ခန်းမရဲ့အမိုးထပ်ကလည်း ရေကန်ပေါ်ပုံရိပ်ထင်နေတာမို့ ပန်းချီကားတချပ်ပမာလှပလွန်း၏။

သို့သော် တချက်တချက်ဆေးနံ့ရတာမို့ ခြံနောက်ဘက်မှာဆေးပင်များစိုက်ပျိုးထားတာကိုဟွားချီယွဲ့ခန့်မှန်းမိသည်။

"မင်းသားနန်နဲ့ မင်းသားဟွမ်းဖုကို နှုတ်ခွန်းဆက်ပါတယ်။ ကျွန်မဒီလာရတာ အရှင်မင်းသားကိုလာရှာတာမဟုတ်ရပါဘူး။  ကျွန်မသားလေးရဲ့ လည်ချောင်းရောဂါကိုကုသဖို့အတွက် မင်းသားနန်ဆီကိုကျွန်မလာရတာပါ။ ကျွန်မရဲ့သားက အဆိပ်တမျိုးကြောင့် ကုသဖို့ခက်ခဲတဲ့လည်ချောင်းရောဂါဖြစ်နေပြီး စကားမပြောနိုင်ဘဝကိုရောက်နေရတယ်။ ဒီတော့ မင်းသားနန်တစ်ယောက်ပဲကူညီပေးနိုင်မယ်လို့မျှော်လင့်မိပါတယ်"

ဟွားချီယွဲ့ကဒူးထောက်ပြီးတရိုတသေပြောလိုက်သည်။

မင်းသားနန်က ဆတ်ခနဲကြည့်လိုက်တော့ သူမကမျက်လွှာချထားကြောင်းတွေ့လိုက်ရ၏။ သူမပုံစံက ညှိုးငယ်ပြီး လေးနက်နေသလို ဟန်ဆောင်နေသည့်ပုံတစက်မှမပေါက်ပေ။

ဟွမ်းဖုရွှမ်းကတော့မျက်လုံးပြူးသွားပြီး သူမကိုစိတ်မချမ်းသာသည့်ပုံနဲ့ကြည့်လိုက်သည်။

ဒီမိန်းမရိုင်းက သူ့ကိုလာတွေ့တာမဟုတ်ဘူးလား?။ ဒါပေမဲ့ထင်သလိုမဟုတ်ဘဲ မင်းသားနန်ဆီလာတာဆိုတော့ သူနည်းနည်းတော့သဝန်တိုမိသွား၏။

General's Genius Daughter(MM translation)Where stories live. Discover now