Chapter(13)

712 99 2
                                    

Zawgyi

"မင်းသမီး! မင်းပဲ!"

ကျိုးကျိချန်း ခေါင်းကိုမော့ပြီးကြည့်လိုက်ချိန် ထိုမိန်းကလေးကိုမြင်လိုက်ရသည်။ ဒီတော့ သူလည်း ငွေစာရင်းစာအုပ်ကိုအောက်ချကာ ပြုံးပြလိုက်၏။

ရောက်လာသူက မင်းသမီးဟွိုင်ကျန့်နဲ့ သူမရဲ့အစေခံ ကွေ့လန်ဆိုသူပင်။

မင်းသမီးဟွိုင်ကျန့်ဟာ ကျိုးကျိုချန်းနဲ့ ချစ်ခင်စုံမက်နေပေမဲ့ ဧကရာဇ်က သူတို့ကိုလက်ထပ်ခွင့်မပေးချေ။ အကြောင်းအရင်းကတော့ တစ်အချက်- သူ့မှာ တရားဝင်ဇနီးရှိနေသောကြောင့်ဖြစ်ကာ နှစ်အချက်- ကျိုးမိသားစုက မချမ်းသာသောကြောင့် ဖြစ်သည်။

မင်းသမီးဟွိုင်ကျန့်ဟာ ကျိုးကျိချန်း၏ ချောမောသောရုပ်ရည်ကိုမြင်ပြီး မြင်မြင်ချင်းပင် နှစ်သက်သဘောကျခဲ့သည်။ သို့သော် ဧကရာဇ်ကတော့ သူ့ကိုအထင်အမြင်သေးကာ လက်ထပ်ဖို့လည်း အခွင့်ပေးခြင်းမရှိ။ အခုလို ကျိုးကျိချန်းရဲ့တရားဝင်ဇနီး ရုံချီယွဲ့က သူခိုးတွေလက်ထဲအသတ်ခံရပြီး သေဆုံးသွားသည်ဟု ကြားရသည့်တိုင် ဧကရာဇ်ဟာ သူ့စိတ်ကိုမပြောင်းလဲပေ။

"ကျိချန်း, ကျွန်မမှာ သတင်းကောင်းတစ်ခုရှိတယ်!"

ဟွိုင်ကျန့်ဆီက အပြုံးချိုချိုလေးနဲ့စကားသံကိုကြားသောအခါ ကျိုးကျိချန်းက သူမကိုထိုင်ဖို့ ဘေးကကူညီပေး၏။ သူတို့နှစ်ယောက်ဟာ ဒီလိုပဲ အတူတူရှိနေတာကြာပြီမို့ ယောကျာ်းနဲ့မိန်းမကြားထားရမည့် စည်းမျဉ်းစည်းကမ်းများကိုလည်း လျစ်လျူရှုထားကြသည်။

ကွေ့လန်ကတော့ ချစ်ကြည်နူးနေကြသည့်အတွဲကို မကြည့်ဘဲ မျက်လုံးကို အောက်စိုက်ထား၏။

"ဘာသတင်းများလဲ?
ဒါနဲ့ မင်းသမီးဟွိုင်ကျန့်, ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော်...ကျွန်တော် ဧကရာဇ်မင်းကြီးရဲ့ အတွေးကိုပြောင်းအောင်လုပ်မပေးနိုင်ခဲ့ဘူး! ကျွန်တော်က မင်းသမီးရဲ့ ငယ်ရွယ်တဲ့ဘဝလေးကို အလဟဿဖြစ်စေခဲ့မိတယ်"

ချစ်စိတ်အပြည့်ရှိသောမျက်ဝန်းများနဲ့ သူကြည့်ကာ ဟွိုင်ကျန့်၏ လက်လေးကိုဆွဲယူပြီး နူးညံ့စွာ သူဆုပ်ကိုင်လိုက်သည်။

General's Genius Daughter(MM translation)Onde histórias criam vida. Descubra agora