Chapter(4)

807 88 0
                                    

Unicode
"လုရှင်း, ငါ့ကိုထဖို့ကူပေးပါအုံး"

ဟွားချီယွဲ့က ညင်သာစွာပဲပြောလိုက်သည်။ ထိုချိန်မှာ လုရှင်းက ချက်ချင်းပဲထလာ၏။ အထိန်းတော်ယူရွှီးကလည်း ဟွားချီယွဲ့နဲ့ပက်သက်ပြီးစိတ်မကောင်းဖြစ်မိတာမို့ ရုတ်တရက်အပြင်ပြေးထွက်သွားကာ မျက်နှာကိုရေနဲ့သန့်စင်အောင်ဆေးပြီး လန်းဆန်းအောင်သွားလုပ်နေသည်။

လုရှင်းက ဟွားချီယွဲ့ကို ခါးကနေကိုင်ထားလိုက်သောအခါ ဟွားချီယွဲ့ရဲ့ခန္ဓာကိုယ်က မမျှော်လင့်ပဲ ယ်ိုင်ထိုးသွား၏။ လုရှင်းက အသက်(၁၂)နှစ်ကျော် (၁၃)နှစ်သာသာပဲရှိသေးတာမို့ (၁၈)နှစ်ကျော်နေပြီဖြစ်တဲ့ ဟွားချီယွဲ့ကို ဘယ်လိုလုပ်ပြီး နိုင်ပါ့မလဲ?။

"မမကြီး, လန်ကျူးကိုလာကူညီခိုင်းလိုက်ရမလား?"

ဟွားချီယွဲ့ ဟွားမုန့်ရှီးကိုတချက်ကြည့်လိုက်သည်။ ဒီညီမက အမြဲတမ်းလို လူတွေရှေ့မှာ မြင့်မြတ်ပြီး သဘောထားကြီးသယောင်ဟန်ဆောင်နေတတ်မှန်းသူမသိသည်။ ဒါကြောင့်မို့လည်း ဟွားချီယွဲ့ မငြင်းပဲနေလိုက်၏။

"လန်ကျူး, မြန်မြန်သွားပြီး မမကြီးကိုကူညီလိုက်!"

ဟွားမုန့်ရှီးက အလျှင်လိုနေသည့်ပုံဖြင့် လန်ကျူးကိုပြောလိုက်သည်။ ထိုအခါ လန်ကျူးလည်း ဘယ်လောက်ပဲဟွားချီယွဲ့ကို ကြည့်မရဖြစ်နေပါစေ သူမရဲ့သခင်စေခိုင်းတာကိုတော့ နာခံရမည် မှန်းသိသည်။ နောက်ပြီး ခုလိုဘုရားဖူးတွေအများကြီးရှေ့မှာလဲ သူမရဲ့သခင်မလေးဟွားမုန့်ရှီးကို အရှက်တကွဲမဖြစ်စေချင်ပေ။

လန်ကျူးက ရှေ့ကိုချက်ချင်းပဲလျှောက်လာကာ ဟွားချီယွဲ့ရဲ့လက်တစ်ဖက်ကိုကိုင်လိုက်သည်။ ဟွားချီယွဲ့ အရင်လိုပုံမှန်လမ်းလျှောက်လို့အဆင်ပြေသွားမှသာ လန်ကျူး ဖယ်ပေးလိုက်၏။ သို့သော် သူမရဲ့မျက်လုံးထဲမှာတော့ အထင်သေးမှုက အပြည့်။

"ဘယ်သူတွေက လာပြီးဆူညံဆူညံလုပ်နေကြတာလဲ?"

ထိုချိန် တံခါးပေါက်ဆီမှ ဟိတ်ဟန်အပြည့်ရှိသောအသံတစ်သံထွက်ပေါ်လာသည်။ ထိုအခါ ပတ်လည်ဝိုင်းနေသည့်ဘုရားဖူးဧည့်သည်တွေကလည်း ဘေးကိုရှောင်လိုက်ကြကာ ထိုအသက်ကြီးပြီး ကြည်ညိုဖွယ်ကောင်းသည့် ဘုန်းတော်ကြီးကို လမ်းဖယ်ပေးလိုက်ကြ၏။

General's Genius Daughter(MM translation)Where stories live. Discover now