Chapter(9)

770 101 0
                                    

Zawgyi

ဟွားချီယွဲ့ သူမရဲ့ယခုခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ညဏ်များထဲမှာ ရူးကြောင်ကြောင်သိုင်းပညာတစ်ခုအကြောင်း ကြားဖူးထားသည်။ ထိုအရာက ဝိညဉ်ထိန်းချုပ်ခြင်းသိုင်းပညာပင်။ ပြောရရင် ချီစွမ်းအင်ပညာရှင်တွေမရှိသလောက်နည်းတာမှန်ပေမဲ့ ဝိညဉ်ထိန်းချုပ်သူအရေအတွက်က ပိုတောင်နည်းနေ၏။ ဒီထျန်းယွမ်တိုင်းပြည်တစ်ခုလုံးမှာတောင် ဝိညဉ်ထိန်းချုပ်သူသုံးဦးသာရှိကြောင်း သူမသိထားသည်။

သူတို့ဟာ တစ်ယောက်ထဲသီးသန့်နေထိုင်ကြတာမှန်ပေမဲ့ စစ်သည်သန်းပေါင်းများစွာကို အချိန်ပိုင်းလေးအတွင်း သုတ်သင်ပစ်နိုင်သော အစွမ်းမျိုးရှိကြ၏။ ပြောရရင် သူ တို့လက်ညှိုးတစ်ချောင်းလှုပ်ရှားလိုက်ရုံနဲ့တင် ထိုစစ်သည်တွေ ကြောက်လန့်တကြားထွက်ပြေးကြလိမ့်မည်။

ဒါကြောင့်မလို့လည်း သူ့တို့ဆီကနေ ဒီရူးကြောင်ကြောင်သိုင်းပညာကျမ်းကို ခိုးဖို့ကြံသူတိုင်း အသေဆိုးနဲ့သေကြရ၏။ အခုလိုအချိန်တွေကြာလာတာတောင်မှ သူတို့ကိုစိန်ခေါ်ရဲသူတစ်ဦးမှပေါ်ထွက်မလာချေ။

အရင်ကဆိုလျှင် ဝိညဉ်ထိန်းချုပ်သူသုံးယောက်ဟာ မတ်စောက်သောတောင်တန်းများပေါ်တွင်နေထိုင်ခဲ့ကြသည်။ သူတို့ရဲ့မိသားစုဝင်တွေဟာ ချမ်းသာကြွယ်ဝလာပြီး များစွာသောရတနာပစ္စည်းများကို ပိုင်ဆိုင်ခွင့်ရကြ၏။ သို့သော် ဘယ်သူကမှ သူတို့ရဲ့ကြွယ်ဝမှုကို လက်ညှိုးထိုးကဲ့ရဲ့ဖို့ မရဲကြပေ။

ဒါဆို အခုဟွားချီယွဲ့ရဲ့ရှေ့ကလူက ဘယ်လိုကြောင့်များ ရူးကြောင်ကြောင်သိုင်းပညာကျမ်းကို ထုတ်ပေးနိုင်မှာလဲ?။

ဟွားချီယွဲ့ အတော်လေးအံ့သြသွားမိသည်။ ဒီလူထူးဆန်းက ဘယ်လောက်ထိတောင်သန်မာနေတာမလို့ သူမကို သိသမျှဗဟုသုတတှေ လာဝေမျှပေးနေရတာလဲ?။

သူ့ရဲ့ရည်ရွယ်ချက်က ဘာလဲ?။ သူကရောဘယ်သူလဲ?။

ဟွားချီယွဲ့က ဒီကျောက်စိမ်းဘူးသီးကြောင့်တော်တော်ကိုခေါင်းရှုပ်နေရပြီ။ ဒါကြောင့် သူမ ထျန်းပိကို မေးခွန်းမေးရန်ကြိုးစားကြည့်လိုက်၏။

General's Genius Daughter(MM translation)Where stories live. Discover now