Chapter(3)

826 89 0
                                    

Unicode
"တခုခုပြောပါအုံး မမကြီးရဲ့! ခုနင်လုပ်ခဲ့တဲ့အပြုအမူအတွက် မှားတယ်လို့မခံစားရဘူးလား? ဒါမှမဟုတ် နင်မူးနေလို့ ဘာမွမသိတာလား?"

ပြောလိုက်သူက ဟွားအိမ်တော်ရဲ့ တတိယမမေလး ဟွားရှောင်ရီ။ သူမက အခုဟွားချီယွဲ့ကို တည့်တည့်ရည်ညွှန်းကာ အော်ကျယ်အော်ကျယ်ပြောနေသည်။

ဟွားရှောင်ရီက အထက်စီးလေသံနဲ့ ပြက်ရယ်ပြုလှောင်ပြောင်နေကာ ဟွားချီယွဲ့ကိုလည်း ရံံွရှာမှုအပြည့်နဲ့ ကြည့်နေ၏။ ဒါကိုကြည့်ခြင်းအားဖြင့် သူမက ဘယ်တုန်းကမှဒီအကြီးဆုံးသမီးအပေါ် လေးစားမှုမရှိမှန်းသိသာလှသည်။

ထိုချိန် ဟွားမုန့်ရှီးကလည်း မျက်မှောင်တချက်ကြုတ်လိုက်ကာ နူးနူးညံ့ညံ့လေသံလေးဖြင့် ဟန်ဆောင်စိုးရိမ်ပြနေပြန်သည်။

"တတိယညီမေလး, အရမ်းအတွေးမလွန်ပါနဲ့။ လူတိုင်းက အမှားနဲ့မှမကင်းတာပဲကို"

"အိုး, ဒုတိယမမေလးက သိပ်ကိုကြင်နာတတ်တာပဲ။ ဒီမိန်းမပျက်က ကိုရင်လေးယိဟန်ကို မြှူဆွယ်တာ ရှင်းရှင်းလင်းလင်းနဲ့မြင်ရတဲ့ဟာတာင် သူမဘက္ကေန အခုရပ်တည်ပေးနေသေးတယ်။
ဒုတိယမမေလး, ကိုယ့်ဘာသာနေတာပဲပိုကောင်းမှာပါ။ နမို့ဆို ဒီလို ပေါ့ပျက်ပျက်မိန်းမကို ကာကွယ်ပေးမိလို့ စိတ်မသိုးမသန့်ဖြစ်နေရပါအုံးမယ်"

ဒီ လန်ကျူးဆိုသည့် ဟွားမုန့်ရှီးရဲ့အစေခံက ဟွားချီယွဲ့ထက် ရာထူးကော ဂုဏ်ပုဒ်ပါနိမ့်ကျပေမဲ့လည်း အခုသူမပြောနေသည့်စကားတွေမှာတော့ ဟွားချီယွဲ့အပေါ် နည်းနည်းမှလေးစားခြင်းမရှိပေ။နောက်ပြီး သူမပုံစံက လှောင်ရယ်ရတာကိုပဲ ကျေနပ်အားရနေဟန်တူသည်။

"မမကြီး, နင်က တကယ္ကို အရှက်မရှိတဲ့အပြုအမူကိုလုပ်ခဲ့တာပဲ။ အိမ်တော်ပြန်ရောက်ရင် မိသားစုစည်းမျဉ်းတွေကို ပြန်ဖတ်သင့်တယ် ဟွန့်!"

ဟွားရှောင်ရီက အေးတိအေးစက်ပဲ သရော်နေသည်။ ပြောချင်ရာပြောပြီးနောက် သူမနောက်လှည့်ပြီး ပြန်ထွက်ဖို့လုပ်နေတုန်းမှာပဲ ဟွားချီယွဲ့ပြန်ပြောသည့် စကားသံကိုကြားလိုက်ရ၏။

General's Genius Daughter(MM translation)Where stories live. Discover now