Chapter(10)

850 128 3
                                    

Zawgyi

ဟွားချီယွဲ့နဲ့သူမရဲ့ရံရွေတော်တွေ မြို့တော်ပြန်သွားတာကိုမြင်တော့ ဘုရားဖူးတွေဟာ အသီးသီးတီးတိုးစကားဆိုရင်း ကျန်နေခဲ့ကြသည်။

ခပ်ဝေးဝေးကိုမရောက်ခင်မှာပဲ ဟွားအိမ်တော်ရဲ့ဒုတိယမမလေး ဟွားမုန့်ရှီးက မြင်းလှည်းပေါ်ကခုံမှာထိုင်ရင်း ပြတင်းပေါက်ကုလားကာကို အေးစက်စက်နဲ့ဆွဲချပစ်လိုက်၏။

လေးနာရီခန့်အကြာ ဟွားချီယွဲ့တို့ မြို့တော်က အိမ်ကိုပြန်ရောက်ချိန်မှာတော့ သားယောကျာ်းလေးတစ်ဦးမွေးစားရမည်ဟူသော သူမရဲ့သတင်းဟာ တမြို့လုံးမှာပျံ့နေလေပြီ။ ထိုသတင်းစကားက သာမန်လူတွေအတွက်တော့ အတော်လေးစိတ်လှုပ်ရှားစရာကောင်းနေတာကိုး!။

ဒီလိုအခွင့်ထူးမျိုးကို ဘယ်သူကများရမလဲဆိုတာကိုတွေးရင်း မြို့တော်ကလူတွေ အရမ်းကိုစိတ်အားထက်သန်နေကြသည်။ ကလေးတစ်ယောက်ကသာ ဟွားမိသားစုရဲအထောက်အပံ့ကိုရပြီးမွေးစားခံရမည်ဆိုလျှင် သူ့မှာကောင်းမွန်သောအနာဂတ်ရှိလာနိုင်မည်လေ။

ဟန်ယွဲ့ဘုရားကျောင်းရဲ့မနေ့ကသတင်းကတော့ စပ်စပ်စုစုနိုင်သော ဘုရားဖူးအမျိုးသမီးများနဲ့ ဇာတ်လမ်းထွင်ပြောတတ်သူများကြောင့် အတော်လေး ဂုဏ်သတင်းကျဆင်းနေလေပြီ။ ခုချိန်မှာ ဟွားချီယွဲ့ရဲ့ မကောင်းသတင်းတွေဟာလည်း ရှင်းလင်းပြီးသားပင်ဖြစ်သွား၏။

ဟွားချီယွဲ့ဟာလည်း ဆရာတော်ဆီအကြောင်းကြားပြီး ကလေးတစ်ယောက်မွေးစားမဲ့အကြောင်း ပြောပြရန် ယူရွှီးအား အမိန့်ပေးထားသည်။

အိမ်တော်ပြန်ရောက်သောအခါ ဟွားမုန့်ရှီးက အဖွားဖြစ်သူသခင်မ ကြီးကို ဟွားချီယွဲ့ရဲ့ ဆံထိုးအခိုးခံရကြောင်းနဲ့ သူမကိုကိုရင်တစ်ပါးနဲ့အီစီကလီလုပ်သည်ဟုစွပ်စွဲခံရကြောင်းတွေကို ဦးစွာ သတင်းပို့လိုက်၏။ နောက်ပြီး ဒီကိစ္စတွေရဲ့နောက်ကွယ်က အစေခံလန်ကျူးကိုလည်း ကြိမ်ဒဏ်အချက်ငါးဆယ်ပေးပြီးပြီဖြစ်ကြောင်း မပါမဖြစ်ပြောလိုက်ရသေးသည်။

သခင်မကြီးလည်း အနည်းငယ်တော့ မျက်နှာတွင်ဒေါသရိပ်သမ်းသွား၏။ ဒီလိုမျိုး အိမ်တော်ရဲ့တရားဝင်ပဏာမသမီးတစ်ယောက်ကို နိမ့်ကျတဲ့အစေခံတစ်ယောက်က ချောက်တွန်းလိမ့်မယ်လို့ သူမတခါမှထင်မထားခဲ့ဖူးပေ။

General's Genius Daughter(MM translation)Where stories live. Discover now