Chapter(16)

647 91 0
                                    

Zawgyi

ငိုချင်စိတ်ကိုမနည်းထိန်းချုပ်နေရတာကြောင့် ဟွားချီယွဲ့ရဲ့အသံတွေက အက်ကွဲနေသည်။ လုရှင်းနဲ့တခြားသောအစေခံတွေကတော့ သူတို့ရဲ့မမလေး ဒီကလေးအပေါ် သနားစိတ် အတော်လေးများနေပုံရသည်ဟု ယူဆလိုက်ကြ၏။

"သူမကို မေမေလို့ မြန်မြန်ခေါ်လိုက်လေ!"

ယူရွှီးက နူးညံ့စွာနဲ့ ထျန်းစီရဲ့ပုခုံလေးကိုပုတ်ကာပြောလိုက်သည်။ သို့ပေမဲ့ ကလေးရဲ့ပုံစံဟာ ကြောက်ရွံ့နေတဲ့ယုန်သူငယ်တစ်ကောင်လိုပင်။ သူက ဟွားချီယွဲ့ကိုလည်း ကြောက်လန့်တကြားမော့ကြည့်ရုံကြည့်ပြီး ယူရွှီးနောက်တွင်ပြေးပုန်းနေ၏။

ဟွားချီယွဲ့ရင်ထဲနာကျင်သွားရသည်။ ထျန်းစီလေးဟာ ဘယ်လောက်ထိတောင်စိတ်ဒဏ်ရာရနေသလဲဆိုရင် အခုလူစိမ်းမြင်ရင်တောင်ကြောက်လန့်ရသည်အထိဖြစ်နေပြီပင်။

ထိုအခါ ယူရွှီးက သက်ပြင်းချလိုက်ပြီး ဟွားချီယွဲ့ကိုပြောလိုက်၏။

"ဒီကလေးက အရွယ်နဲ့မမျှအောင်ခံစားရတာတွေများတော့ လူစိမ်းတွေနဲ့ပက်သက်ရင်ကြောက်တတ်တယ်။ ဒီတော့ မမလေးအတော်လေး စိတ်ရှည်ပေးဖို့တော့ လိုမယ်ထင်ပါတယ်"

ဟွားချီယွဲ့က ခေါင်းညိမ့်ပြကာ ကလေးဆီကိုဖြေးဖြေးချင်းသွားလိုက်သည်။ သို့သော် ခြေတလှမ်းချင်းစီက သူမရဲ့ပုခုံးပေါ် ကောင်းကင်နဲ့မြေကြီးအား သယ်ပိုးခိုင်းနေသကဲ့သို့ လေးလံလှ၏။ တကယ်ကို နာကျင်ပြီး ခံစားရခက်သည်။

သူမအနားကိုရောက်သောအခါ ထျန်းစီရဲ့လက်လေးကိုဆုပ်ကိုင်လိုက်သည်။ ထျန်းစီက အရင်လိုပဲ ကြောက်လန့်တကြားနဲ့သူမရဲ့လက်တွေကြား ရုန်းကန်နေသော်လည်း ဟွားချီယွဲ့က လုံးဝလွှတ်မပေးတော့ချေ။

"အခုကစပြီး သားရဲ့နာမည်က ဟွားထျန်းစီဖြစ်သွားပြီ။ အခုကစပြီး သားရဲ့အမေက အမြဲတမ်းကာကွယ်ပေးသွားမယ်။ ဘယ်သူကမှ သားကိုထပ်နာကျင်အောင်လုပ်မှာမဟုတ်တော့ဘူး! တကယ်လို့...သူတို့က သားကို လာထိခိုက်အောင်လုပ်ရင် အမေ....သူတို့ကိုတစ်စစီဖြစ်အောင်လုပ်ပစ်မယ်!"

ဟွားချီယွဲ့က တည်တည်ငြိမ်ငြိမ်နဲ့ပဲပြောလိုက်သည်။ ထိုအခါ ရုတ်တရက်ဆိုသလို ကလေးငယ်ဟာ သူမကို ကြည့်လာပြီး သူ့ရဲ့မျက်ဝန်းလေးတွေဟာ မဟူရာကျောက်ကို နက်မှောင်ရွှန်းစိုနေကြောင်း ဟွားချီယွဲ့မြင်လိုက်ရ၏။

General's Genius Daughter(MM translation)Where stories live. Discover now