𝕀𝕟𝕥𝕣𝕠

16.1K 592 26
                                    

Unicode...

အလွန်ပူပြင်းတဲ့ နွေရာသီဥတုနှင့် အိမ်အောက်ထပ်က ဆူညံ့သံတွေကြောင့် ကောင်လေးတစ်ယောက် စိတ်မကြည်စွာ နိုးထလာခဲ့သည် အမြဲတမ်းအဝတ်ပွပွကြီးတွေဝတ်တတ်ပြီး မျက်မှန်အဝိုင်းလေးနဲ့ကောင်လေးဟာ ဝက်ဝံလေးပမှာ ချစ်ဖို့ကောင်းနေပြန်သည် သန့်စင်ခန်းထဲဝင်ကာ မျက်နှာသစ်ရေမိုးချိုးကာ ဆူညံနေတဲ့ အောက်ထပ်သို့ဆင်းလာခဲ့သည် ဒါကနေ့တိုင်းအိမ်မှာဘုရားပွဲလှည့်သလို ဆူညံနေတာတော့ ထုံးစံအတိုင်း အဖွားအသံကြောင့်ပင်.....

"အဖွားဝက်ဝံပေါက်လေးနိုးလာပြီလား လာမနက်စာလာစား.."

"ဟုတ်.."

ထယ်ယောင်းမျက်မှန်လေးပင့်ကာ အဖွားဘေးနားသို့ဝင်ထိုင်လိုက်သည် တစ်ဦးတည်းသောမြေးလေးမို့ အဖွားကထယ်ယောင်းကို အရမ်းချစ်ပါသည် ဒယ်ဒီနဲ့မာမီကနိုင်ငံမှာအလုပ်လုပ်နေရတာမို့ ထယ်ယောင်းက ငယ်ငယ်လေးထဲက အဖွားနဲ့နေရခြင်းပင်
အဖွားကသူကို အကုန်အလိုလိုက်သည်
‌အဖွားတစ်ယောက်လို့ မေတ္တာတွေအပြင် အဖေ‌အမေမေတ္တာကိုပါ ထယ်ယောင်းကိုပေးသည် အဖွားကအရမ်းကျင်နာတတ်သည် အမြဲတမ်းအိမ်မှာ ဘုရားလှည့်သလို ဆူညံနေတာက ဘေးအိမ်ကကလေးတွေကိုအဖွားက မနက်စောစော အမြဲတမ်းမုန့်ခေါ်ကျွေး နေခြင်းကြောင့်ပင် ထယ်ယောင်းတို့က အရမ်းကြီးမချမ်းသာသလို ဆင်းရဲတဲ့ထဲလဲမပါ ဒယ်ဒီနဲ့မာမီကနိုင်ငံခြားမှာ Companyတစ်ခု ဦးစီးနေခြင်းကြောင့် ထယ်ယောင်းဆီကို ပြန်မလာပါ အလည်အပတ်သဘောမျိုးသာ ပြန်လာဖြစ်သည် ထယ်ယောင်းနဲ့အဖွားကိုနိုင်ငံခြားခေါ်ပေမယ့် ထယ်ယောင်းလိုက်မနေဖြစ်ပါ
အဖွားကလဲ သူမွေးခဲ့တဲ့ ဒီDaeguမှာပဲနေ
ခေါင်းချချင်တယ်ပြောတာကြောင့် ဒယ်ဒီနဲ့မာမီ ဘာမှဆက်မပြောကြ ထယ်ယောင်း
ကိုတိုင်ကလဲ တစ်ခြားနိုင်ငံမှာနေချင်တဲ့စိတ်မရှိ ကျောင်းပြီးတဲ့ထိ အဖွားနဲ့ပဲနေဖြစ်သည်....

"ဝက်ဝံပေါက်လေးကို အဖွားပြောစရာရှိတယ်.."

"ဟုတ် အဖွားဘာများလဲ.."

"ဝက်ဝံပေါက်လေးကို အဖွားကဆိုးလ်ကိုလွှတ်မလို့..."

"ဟင်ထယ်က ဘာလို့.."

𝔸 𝕤𝕥𝕠𝕣𝕪 𝕠𝕗 𝕝𝕠𝕧𝕖 {ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕}Where stories live. Discover now