ℙ𝕒𝕣𝕥 21

3.2K 211 2
                                    

Unicode....

ထယ်ယောင်း အခန်းထဲရောက်သွားတော့ ဆရာဝန်တွေက ထယ်ယောင်းကို
ခေါင်းခါပြကာ ထွက်သွားကြတာကြောင့် ထယ်ယောင်းမောင်ကိုသာ ကြောင်ကြည့်နေမိသည် မနက်ကထွက်သွားတုန်းကအကောင်းလေ ဟင့်အင်း အဲ့လိုဖြစ်လို့မရဘူး....။

"မောင် ထပါအုန်း ထယ်မွေးနေ့ လုပ်ရအုန်းမှာလေ အဲ့လိုကြီး အိပ်မနေပါနဲ့ မောင်ထတော့နော် လိမ္မာတယ်မလား ထတော့လို့ ကြာရင်ထယ်စိတ်ဆိုးတော့မှာနော် မောင့်ကထယ်စိတ်ဆိုးမှာကို ကြောက်တယ်မလား  အိမ်ပြန်ကြမယ် မောင့်လို့
ဟင့်အင်းမောင် အဲ့လိုမဟုတ်ဘူး ထပါ..."

ထယ်ယောင်းငိုကာပင် နိူးနေပေမယ့် ဂျောင်ကုကတော့ ထမလာခဲ့ ထယ်ယောင်းကုတင်ဘေးက ကြမ်းပြင်ပေါ်ကိုသာလဲကျကာ....။

"ဟင့်အင်းမောင် ဟင့်အင်း ထယ် ထယ်အိမ်မက်မက်နေတာ ဟုတ်တယ် အိမ်မက်မက်နေဝာာ မြန်မြန်နိုးထပါတော့...."

ထယ်ယောင်း ခေါင်းကိုသာ ထုရိုက်ကာ ပြော‌ပြီး မျက်လုံးပြန်ဖွင့်ကြည့်လိုက်တော့လဲ ‌စောနကမြင်ကွင်းတစ်ခုသာ....။

"မောင် ဟင့်အင်း အိပ်ပျော်မနေပါနဲ့...."

ထယ်ယောင်းငိုကာပင် လဲလှောင်နေတဲ့ ဂျောင်ကုရဲ့ခန္ဓာကိုယ်ကို ဖက်တွယ်လိုက်တော့ ပြန်လည်ဖက်တွယ်လာတဲ့ လက်တစ်စုံ...။

"မောင့်ရဲ့မွေးနေ့ရှင်လေးက ဘာလို့ငိုနေတာလဲ.."

ထယ်ယောင်းငိုနေရင်းမှ မော့ကြည့်လိုက်တော့ မောင့်ကပြုံးနေခဲ့တာ ထယ်ယောင်း မောင့်ရဲ့မျက်နှာလေးကိုအုပ်ကိုင်ကာ...။

"မောင်တကယ် မောင်မလား ထယ်စိတ်ထင်နေတာမဟုတ်ဘူးမလား..."

"တကယ်မောင်ပါ ထယ့်ရဲ့မောင်..."

ထယ်‌ယောင်းဂျောင်ကုကို ပြန်လည် ဖက်တွယ်ထားကာ...။

"ကျေးဇူးပါမောင် ထယ်ဆီကိုပြန်လာပေးလို့ တကယ်ကျေးဇူးပါ မဟုတ်ရင် ရူးသွားတော့မလို့..."

ဂျောင်ကု ထယ်ယောင်းဘာဖြစ်နေလဲဆိုတာ မှန်းကြည့်လို့ရတာမို့ ထယ်ယောင်းရဲ့ကျောပြင်လေးကို ပုတ်ပေးကာ...။

𝔸 𝕤𝕥𝕠𝕣𝕪 𝕠𝕗 𝕝𝕠𝕧𝕖 {ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕}Where stories live. Discover now