ℙ𝕒𝕣𝕥 2

6.3K 456 46
                                    

Unicode..

အိမ်အောက်ထပ်ကိုဆင်းတော့မယ့်ကိုယ့်ခြေလှမ်းတွေက ဧည့်ခန်းထဲကစကားသံတွေကြောင့်ရပ်တန့်ကာ‌လှေကားထစ်ကနေခန္ဓာကိုယ်ကိုအောက်ငုံကြည့်လိုက်တော့
နေ့လည်ကကို ခွက်နဲ့ခေါင်းကိုထုပြီးသူခိုးပြောခဲ့တဲ့တစ်ယောက် အဲ့ဒါဆိုနိုင်ငံခြားကအဖွားပြောတဲ့လူပေါ့ သေစမ်းကင်မ်ထယ်ယောင်းမင်းတော့လွဲတာပဲ....။

"ထယ်လေး..လာလေ..."

လှေကားထစ်မှာကျောက်ရုပ်ပမာ ရပ်နေတဲ့ကိုယ့်ကို ဘယ်ချိန်ကတွေ့သွားလဲမသိတဲ့အမကခေါ်နေလေရဲ့ ကိုလဲရီပြကာအောက်ထပ်ကိုသာဆင်းခဲ့လာလိုက်တယ် မနက်ကသူခိုးစွပ်စွဲခဲ့တဲ့လူကြီးက ကိုယ့်ကိုမျက်စိဒေါက်ထောက်ကာ စိုက်ကြည့်နေလေရဲ့ သူကြည့်နေရင်း ကိုမှာနောက်ကျောထဲချမ်းဆိမ့်ဆိမ့် ခနကြာတော့သူကော်ဖီကိုသာ ဇိမ်ခံသောက်နေတဲ့လူကြီး....။

"ဟို...ခဗျားကအဖွားပြောတဲ့ တစ်ယောက်လား..."

လှေကားထစ်က ဆင်းလာတဲ့အသေးလေးကိုကသူကိုကြောင်ကြည့်နေတော့ ဟိုကုတ်ဒီကုတ်နဲ့ခနကြာတော့ ဧည့်ခန်းကကိုအရှေ့ကဆိုဖာပေါ်မှာလာထိုင်နေလေရဲ့...။

"မင်းလေး.အဖွားက..ဘာပြောထားလို့လဲ.."

"နိုင်ငံခြားက လူတစ်ယောက်လာလိမ့်မယ်တဲ့..အဲ့ဒါခဗျားလား..."

လူကိုသေချာကြည့်ပြီး...ခဗျားခဗျားနဲ့ဒီဟာလေးကတော့...။

"ဟုတ်တယ်.ကိုပဲ.."

"ခဗျားက.ဒီမှာCompanyပိုင်တယ်ဆိုတော့ဘာလို့ကိုအိမ်မှာကိုမနေတာလဲ.."

ကျွန်တော်အမေးကိုပြုံးစိစိလုပ်နေတဲ့ လူကြီး ကျွန်တော်တွက်အအေးလာချပေးတဲ့အမကလဲ ကျွန်တော်ကိုကြောင်ကြည့်နေလေရဲ့ ကျွန်တော်မေးတာဘာမှားလို့လဲ Companyတောင်ပိုင်နေတာကို သူများအိမ်မှာလာနေတာကိုး....။

"ဒါကကိုအိမ်၊ မင်းထိုင်နေတာလဲကိုဝယ်ထားတဲ့ဆိုဖာ၊ ဒီအိမ်မှာရှိတာတွေအားလုံးကကိုပိုက်ဆံနဲ့ကိုဝယ်ထားတာ.."

ဘယ်လို အဖွားပြောတော့အဲ့လိုမဟုတ်ဘူးလေ ဘာလို့ဒီအိမ်ကသူအိမ်လဲ အဖွားပြောတော့သူဝယ်ထားတာတဲ့ ဘေးကအမကိုလှမ်းကြည့်တော့လဲ ခေါင်းညှိမ့်ပြနေလေရဲ့ တစ်ခုခုတော့လွဲနေပြီ....။

𝔸 𝕤𝕥𝕠𝕣𝕪 𝕠𝕗 𝕝𝕠𝕧𝕖 {ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕}Where stories live. Discover now