ℙ𝕒𝕣𝕥 12

4.5K 297 14
                                    

Unicode....

ဂျောင်ကု အကျတွေသိမ်းနေရင်း အပြင်ကဘဲလ်ခနခနတီးနေတာကြောင့် အခန်းအပြင်ထွက်ကာ
တံခါးဖွင့်လိုက်တော့ မြင်လိုက်ရတဲ့အသေးလေးကြောင့် ကြောင်ကြည့်နေမိတုန်း ရင်ခွင်ထဲ ပြစ်ဝင်လာတဲ့ ထယ်ကြောင့် ဂျောင်ကုမှာ မတ်တပ်ရပ်ကြီး
ကြောင်ရပ်နေမိသည်...။

"လူကြီး ထယ်တောင်းပန်ပါတယ်နော်..."

ဖက်နေရင်း ရင်ခွင်ထဲကနေ မော့ကြည့်လာကာ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ တောင်းပန်လာတဲ့ ထယ်ကြောင့်ဂျောင်ကု အံဩမိသေး၏..။

ဂျောင်ကုဘာမှမပြောပဲ ငြိမ်နေတာကြောင့် ထယ်ယောင်း မျက်ဝန်းထဲမျက်ရည်များ ရစ်ဝဲကာ...။

"ထယ် လူကြီးကို ရိုက်လိုက်ဖို့ ထယ်မရီရွယ်ပါဘူး တကယ်ပါ ထယ်မရီရွယ်ပါဘူး ထယ်ကိုလူကြီးမကျေနပ်ရင် ထယ်ကိုပြန်ရိုက်ပါနော် ပြီးရင်တော့ ထယ်ကိုခွင့်လွှတ်ပေးနော်..."

ရင်ခွင်ထဲဝင်ပြီး တင်းကျပ်စွာဖက်တွယ်လာတဲ့ ကျောပေါ်ကလက်တွေအပြင် ရင်ခွင်ထဲခေါင်းနှစ်ကာငိုနေတဲ့ အသေးလေးကြောင့် ဂျောင်ကုမှာ ဘာမှမတွေးနိုင် ပြန်လည်ဖက်တွယ်ထားယုံရှိသေး ဂျောင်ကုရင်ခွင်ထဲကထွက်ပြီး ဂျောင်ကုလက်တွေကိုင်ကာ ထယ်ယောင်းသူရဲ့ ပါးကိုရိုက်ရန် ချိန်ပေးလိုက်တော့...။

ဂျောင်ကု သူရဲ့ပါးနားရောက်နေတဲ့ ထယ်‌ရဲ့လက်တွေကို တင်း‌ကျပ်နေအောင်ဆုပ်ကိုင်လိုက်ပြီး..။

"ကိုက ထယ်ကို ဘာလို့ရိုက်ရမှာလဲ ကိုထယ်ကိုစိတ်မဆိုးပါဘူး...."

"အဲ့ဒါဆို လူကြီးက ဘာလို့ပြန်သွားလဲ.."

"ထယ်က ကိုကိုယ်မမြင်ချင်လောက်ဘူး ထင်လို့ပါ..."

"ဘာလို့ အဲ့လိုထင်တာလဲ..."

"ကိုက လူကြားထဲ ထယ်ကိုနမ်းလိုက်လို့လေ..."

ထယ်ယောင်း လူကြီးကို မေးပြီးမှ လူကြီး အဖြေကြောင့် မျက်နှာကြီးဟာ ပူလာသလို..။

"ထယ်က ကိုယ့်ကိုယ် စိတ်မဆိုးဘူးပေါ့.."

"စိတ်မဆိုးလို့ မမဒါဒါနဲ့လိုက်လာတာပေါ့.."

𝔸 𝕤𝕥𝕠𝕣𝕪 𝕠𝕗 𝕝𝕠𝕧𝕖 {ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕}Where stories live. Discover now