ℙ𝕒𝕣𝕥 27

3.1K 221 8
                                    

Unicode...

"မောင်မြန်မြန်ပြန်ခဲ့နော်..."

"အွန်း မောင်အလုပ်ပြီးတာနဲ့ ချက်ခြင်းပြန်ခဲ့မယ် မောင်ဘာဝယ်ခဲ့ရအုန်းမလဲ..."

"ဟင့်အင်း မောင်သာမြန်မြန်ပြန်လာရင်ရပြီ..."

"ဟုတ်ပါပြီဗျာ ခေါ်တော့လဲမလိုက်ပဲနဲ့
မောင့်ကို စိတ်မဖြောင့်အောင် လုပ်နေတယ်..."

"ဟီးးးထယ်နဲ့နဲ့နေမကောင်းချင်သလိုဖြစ်လို့ပါ...."

"ဟင် ထယ်နေမကောင်းဘူးလား..."

ဂျောင်ကု ချက်ခြင်းဆိုသလို ထယ်ယောင်းနှာဖူးပေါ်ကို လက်တင်ကာ စမ်းကြည့်ပေမယ့် ကိုတော့မပူ...။

"ကိုမပူပါဘူး ဘယ်လိုနေလို့လဲ မောင့်ကိုပြော.."

"ဘာမှမဖြစ်ပါဘူး နဲ့နဲ့ပင်ပန်းနေသလိုဖြစ်နေတာ အိပ်လိုက်ရင်ကောင်းသွားမှာ.."

"ဒီနေ့မင်ဒါဒါ ဒီကိုရောက်လိမ့်မယ် ထယ်တကယ်လို့ နေမကောင်းချင်ရင် ဆေးခန်းလိုက်ပို့ခိုင်းလိုက် မောင်ပြောလိုက်မယ်.."

"အင်းပါ မောင်သာဂရုစိုက်သွားနော် ထယ်ကိုစိတ်ချ..."

ကုမ္မဏီအလုပ်ကိစ္စကြောင့် ခရီးသွားရမယ့် မောင့်ကို ထယ်ယောင်း စိတ်မပူစေချင်ပါ...။

"မောင်သွားမယ်နော် ရောက်ရင် ဖုန်းဆက်လိုက်မယ် တစ်ခုခုဆို မောင့်ကိုဖုန်းဆက်လိုက်နော် ချက်ခြင်းပြန်လာခဲ့မယ်.."

ထယ်ယောင်း မောင့်စကားကြောင့် ပြုံးကာခေါင်းညှိမ့်ပြလိုက်သည် မောင်သာရှိရင် ထယ်ယောင်းတွက်ပြည့်စုံပြီ မောင်ကထယ်ယောင်းအတွက် သူရဲကောင်းကြီးမို့...။

.

.

.

.

.

"ထယ်လေး..."

"မမဒါဒါ..."

"နေကောင်းရဲ့လား ဂျောင်ကြီး အမကိုဖုန်းဆက်လို့..."

"ထယ် နေကောင်းပါတယ် ဒါပေမယ့်လေ ထယ်မမဒါဒါကို တိုင်ပင်စရာလေးရှိလို့"

"ဘာများလဲ ထယ်လေးရဲ့..."

"ဒီလိုပါ*&#&*%#*"

"ဘယ်လို ဒီကိစ္စ ဂျောင်ကုမသိသေးဘူးလား..."

𝔸 𝕤𝕥𝕠𝕣𝕪 𝕠𝕗 𝕝𝕠𝕧𝕖 {ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕}Where stories live. Discover now