ℙ𝕒𝕣𝕥 1

7.8K 466 50
                                    

Unicode....

ထယ်ယောင်းဆိုးလ်ကို ရောက်၍ အဖွားပြောတဲ့လိပ်စာအတိုင်း ဘတ်စ်ကားစီးလိုက်သည် ပထမဆုံးအဖွားနဲ့ ဆိုးလ်ကို လာတုန်းကTaxi သမားကထယ်ယောင်းတို့မြေးဖွားကို ကလိမ်ကကျစ် ကျသွားတာမို့ထယ်ယောင်းTaxiမစီးပဲ ဘတ်စ်ကားနဲ့သာ သွားရန် စိတ်ကူးလိုက်သည် ဒုတိယအကြိမ်ဆိုးလ်ကို တစ်ယောက်တည်းလာမိလို့  နည်းနည်းတော့ စိတ်လူပ်ရှားသည် အဖွားနဲ့ခွဲ၍ နေဖူးတာ မဟုတ်လို့ ထယ်ယောင်းမသိစိတ်က ကြောက်နေမိသည် ဘတ်စ်ကားစီးပြီး သွားရမယ့်မှတ်တိုင်ရောက်၍ ဆင်းကာ လမ်းဆက်လျှောက်ရသည် သိပ်မဝေးတော့တဲ့ခြံဝန်းလေး နေချင်စရာကောင်းသလို အိမ်လေးကအပြင်က ကြည့်တော့လဲသက်သက်ရပ်ရပ်လေးပင်....

ခြံရှေ့ရပ်ကာ ဘဲတီးလိုက်တော့ အမကြီးးတစ်ယောက်အပြေးအလွှားနဲ့ ထွက်လာ၏
ပြီးတော့ ကင်မ်ထယ်ယောင်းဆိုတာလားလို့မေးလာတော့ ခေါင်းအမြန်ညိမ့်ပြလိုက်တော့အထုတ်တွေဝိုင်းသည်ရန် အကိုကြီးတစ်ယောက်ကိုလှမ်းခေါ်သည်...

"ရပါတယ် ကျွန်တော်ဘာသာ သယ်ပါ့မယ်အားနာစရာကြီး.."

"ရပါတယ် အကိုလေးရဲ့ ဒါက ကျွန်တော်တို့လုပ်ရမယ့် အလုပ်မို့လို့ပါ.."

ထယ်ယောင်းတစ်ယောက် ဘာမှဆက်မပြောတော့ပဲ အိမ်ထဲကိုသာ ဝင်လိုက်တော့ အပြင်ကကြည့်သလိုပဲ အိမ်ကလေးကနေချင်စရာကောင်းသည်....

"အကိုလေး အခန်းက အပေါ်ထပ်မှာပါ.."

"ဒီက အကိုနဲ့အမ ကျွန်တော်ကို‌ ထယ်ယောင်းလို့ပဲခေါ်ပါ အကိုလေးလို့မခေါ်ပါနဲ့ ကျွန်တော်စိတ်ထဲ တစ်မျိုးကြီးပဲ..."

"ဟုတ်ကဲ့ အကိုလေးသဘော အာထယ်ယောင်းသဘောပါပဲ.."

"ထယ်ယောင်းလေး ဘာကြိုက်တတ်မှန်းမသိလို့ အမကြက်ကုလားဟင်းလေးချက်ထားတယ် ထယ်ယောင်းအဆင်ပြေရဲ့လားဟင် အဆင်မပြေရင် အမဆိုင်ကဝယ်ပေးပါ့မယ်.."

"ကျွန်တော် အဆင်ပြေပါတယ် ဒါနဲ့အကိုရောမတွေ့ပါလား..."

"ခြံထဲမှာ‌ ထယ်ယောင်းလေးရဲ့ အပင်စိုက်နေတယ် ထယ်ယောင်းအဝတ်လျှော်စရာရှိရင်အမကိုပေးနော် အမလျှော်ပေးမယ်.."

𝔸 𝕤𝕥𝕠𝕣𝕪 𝕠𝕗 𝕝𝕠𝕧𝕖 {ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕}Where stories live. Discover now