ℙ𝕒𝕣𝕥 34

2.8K 194 13
                                    

Unicode...

{အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်}

လေယာဉ်ပေါ်ကဆင်းလာတဲ့ ခပ်ချောချောလူတစ်ယောက် ဆံပင်တွေကိုလှန်ဖီးမထားပဲ နှာ‌ဖူးပေါ်ခပ်အုပ်အုပ် မျက်မှန်ကိုလက်တစ်ဖက်နဲ့ပင့်တင်လိုက်ပြီး ဝတ်စားဆင်ယဉ်မူက အလွန်ပင်လူငယ်ဆန်လှသည် ထိုလူကိုချုံကြည့်ကာပြောရမယ်ဆိုရင် သူသည် အလွန်ကြည့်ကောင်းလွန်းသည် လေယာဉ်အတူစီး၍ပါလာသော မိန်းကလေးများသည် ခပ်ဆူးဆူးထိုအသံကြားမှ..။

"ဒယ်ဒီ!!!!!"

ဒယ်ဒီဆိုကာ တွဲထားသည့် ထယ်ယောင်းလက်ကိုပင်ဖြုတ်ကျလိုက်ကာ ‌ဂျောင်ကုဆီကိုပြေးလာတဲ့လျှယံ...။

ဂျောင်ကုပြေးလာတဲ့ သားငယ်ကိုပြုံး၍ကြည့်ကာ လက်နှစ်ဖက်ဆန့်‌တန်းလိုက်တော့  သားငယ်က ရင်ခွင်ထဲရောက်အောင်ပြေးလာတာ‌နဲ့ ဂျောင်ကုပွေ့ချီလိုက်သည်...။

"ဒယ်ဒီသားလေးက နေကောင်းသွားပြီလား.."

"လျှယံနေကောင်းသွားပြီ..."

"ဟယ်ကလေးအဖေတဲ့လား ထင်တောင်မထင်ရဘူးဟယ် နုနုဖက်ဖက်လေးနဲ့..."

"ဟုတ်ပါ့အမရယ် နီယာဆို လေယာဉ်ပေါ်ရောက်ထဲကငေးလာတာ အခုတော့ကလေးအဖေတဲ့လား.."

ဂျောင်ကုနောက်က အသံတွေကြောင့် ပြုံးစိစိဖြစ်နေကာ ထယ်ယောင်းကိုကြည့်လိုက်တော့ လက်မောင်းကိုအား‌နဲ့ရိုက်ချကာ...။

"လူပျိုလုပ်လာတယ်ပေါ့..."

ဂျောင်ကုပွေ့ချီထားတဲ့ သားငယ်ပါးလေးကိုနစ်ဝင်အောင်နမ်းကာ ပြောလိုက်တော့..။

"ဟော်ဗျာ မောင်လူပျိုမလုပ်ရပါဘူး လက်ထဲကမောင့်သားကသက်သေပဲ မောင့်ကိုဘာလို့လာကြိုတာလဲ သားကနေကောင်းတာလဲမဟုတ်ပဲနဲ့..."

"မောင်ပြန်လာမယ် ပြောလိုက်ထဲက တစ်ဂျီဂျီနဲ့မောင်ဆီမလာရရင် ဆေးမသောက်ဘူးဆိုလို့၊ မောင့်သားအကြောင်းလဲမသိတာလဲမဟုတ်ပဲနဲ့.."

ထယ်အပြောကြောင့် ဂျောင်ကုသားငယ်ကိုကြည့်လိုက်တော့..။

"လျှယံက ဒယ်ဒီကိုလွမ်းလို့ကို..."

ဂျောင်ကုဘာမှပင် မပြောရသေး လျှယံကစကားကိုဘယ်လိုပြောရမယ်ဆိုတာ သိပြီးသားပင် သားကသူ့ကိုဆူတော့မယ့် အရိပ်ယောင်တွေ့ပါလျှင် ဘယ်လိုကွေ့ပတ်ကာ ရှောင်ရမလဲဆိုတာ အရွယ်နဲ့မလိုက်အောင်သိပါသည်...။

𝔸 𝕤𝕥𝕠𝕣𝕪 𝕠𝕗 𝕝𝕠𝕧𝕖 {ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕}Where stories live. Discover now