ℙ𝕒𝕣𝕥14

4.2K 295 7
                                    

Unicode....

ငြိမ်နေတဲ့ လူကြီးက ထယ်ကို ကြည့်လာပြီး လူကြီးလွှတ်ချလိုက်တဲ့ လက်ကိုပြန်လည် ဆုပ်ကိုင်လာကာ ပြောလိုက်တဲ့ လူကြီးစကားကြောင့် ထယ်ယောင်းအံဩမိသည်မှာအမှန် လူကြီးက သူကို အိမ်ကသဘောတူလို့မဟုတ်ပဲ နှစ်နှစ်ကာကာချစ်ရတဲ့ လူမို့ လက်ထပ်ချင်တာတဲ့ ထယ်ယောင်း အတွေးတွေများနေရသည်....။

လူကြီးက ထယ်ယောင်းကို ဖွင့်ပြောထားတဲ့ လူတစ်ယောက်မဟုတ်လား ခုထိ ထယ်ယောင်း လူကြီးဘက်က မားမားမတ်မတ်မရပ်ပေးနိုင်ပါ ဘာလို့ဆို ချစ်သူမဟုတ်ပဲ အပြင်လူဟူ၍သူစိမ်း စည်းကခြားနားထားသည်မလား၊
အရှေ့က ယူနာယူနာနဲ့ပြောနေတဲ့ တစ်ယောက်ကို လူကြီးက ပိတ်ပြီးပဲ ပြောနေတာမို့ ထယ်ယောင်းကိုယ့်ကိုယ်ကိုပင် သတိမထားမိပဲ လုပ်လိုက်မိသည်က...။

လူကြီးနဲ့အနည်းငယ်ကွာတဲ့ အရပ်ကြောင့် လူကြီးဂုတ်ကနေ ဆွဲယူကာ လူကြီးရဲ့ နူတ်ခမ်းတွေကို ထိကပ်မိသည်....။

သေချာပါသည် ထယ်လူကြီးကိုချစ်တယ်ဆိုတာ သေချာသည် ပိုင်ဆိုင်ချင်သည် ရယူချင်သည် သဝန်တိုသည် တစ်ခြားလူတစ်ယောက် လက်ထဲပါသွားမှာကို ထယ်ယောင်း သေမတတ်ကြောက်ပါသည်...။

ထယ်ယောင်းလူကြီးရဲ့ နူတ်ခမ်းတွေကို ထိကပ်ယုံကာ ထိကပ်ပြီး အသိဝင်လာတော့  ထယ်ယောင်း ထိကပ်ထားသည့် လူကြီးနူတ်ခမ်းကို  ခွာမလို့ လုပ်တုန်း နူတ်ခမ်းသားခြင်းမိတ်ဆက်ကာ ကပ်နေသည့်နူတ်ခမ်းသားကို လူကြီးက ထယ်ယောင်းပါးနှစ်ဖက်ကို လက်ဖဝါးနှစ်ဖက်ဖြင့် အုပ်ကိုင်ကာ နူတ်ခမ်းသားတွေကို စုပ်ယူနမ်းရိူက်နေတာကြောင့် ထယ်ယောင်းလက်တွေက လူကြီးခါးပေါ်က အင်္ကျီစလေးတွေကို တင်းကျပ်စွာဆုပ်ကိုင်ပြီးခြေမွှလျက်....။

အသေးလေးရဲ့ ထိကပ်လာတဲ့ အနမ်းတွေ‌ကြောင့်ဂျောင်ကု ကြောင်နေတုန်းမှာပဲ ပြန်လည်ခွာတော့မည့် အနမ်းတွေကြောင့် ဂျောင်ကု ချိုသာတဲ့ အနမ်းတွေကိုပေးလျက် ပင် ကိုယ်ရဲ့အင်္ကျီစလေးတွေကို တင်းကြပ်အောင် ဆုပ်ကိုင်လာတဲ့ လက်လေးတွေကြောင့် ဂျောင်ကုပိုလိုပင် အသည်းယားလာသည် သေချာပါသည် ဒီကောင်လေးနဲ့ သူ အဆုံးထိလျှောက်ဖို့...။

𝔸 𝕤𝕥𝕠𝕣𝕪 𝕠𝕗 𝕝𝕠𝕧𝕖 {ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕}Where stories live. Discover now