ℙ𝕒𝕣𝕥 13

4.2K 278 12
                                    

Unicode...

"ကိုမင်းကိုချစ်တယ်အသေးလေးး.."

ထယ်ယောင်း မျက်လုံးများ ပြူးကျယ်ကာ လူကြီးကို ကြောင်ကြည့်နေမိသည် လူကြီးကထယ်ကိုချစ်နေတယ်ဆိုတာ မမဒါဒါပြောပြလို့သိပေမယ့် ဒီလောက်မြန်မြန်ဖွင့်ပြောမယ်လို့ ထယ်ယောင်းမထင်ထားခဲ့ပါ ပြီးတော့...ပြီးတော့ ထယ်လူကြီးကို ဘယ်လိုပြန်ပြောရမှာလဲ ချစ်တယ်ဆိုတဲ့အရာကို....။

"ထယ်အဆင်သင့်မဖြစ်သေးလဲ ဖြစ်တယ် ကိုထယ်ရဲ့အဖြေကိုသိနေတာမို့ ထယ်အဆင်သင့်ဖြစ်တဲ့ အချိန် ထယ်ရဲ့နူတ်ခမ်းဖျားက ကိုလိုချင်တဲ့အဖြေကိုပေး ကိုစောင့်နေမယ်..."

ထယ်‌ယောင်း လူကြီးကို ပြုံးပြကာကြည့်‌နေမိသည် လူကြီးက ထယ်ကို စဉ်းစားချိန်ပေးတဲ့ သဘော ထယ်လူကြီးကိုချစ်ပါတယ် ဒါပေမယ့် အချိန်တစ်ခုထိ ထယ်နှလုံးသားက မနေနိုင်လောက်အောင် ပြောလာချင်တဲ့ အချိန်ကြရင် လူကြီးလိုချင်တဲ့ အဖြေကို ထယ်ပေးမှာပါ....။

အရှေ့က လူကိုပြုံးကြည့်နေတဲ့ ကောင်လေးကိုဂျောင်ကု အသည်းယားပါသည် အဖြေတစ်ခါထဲတန်းရရင် အဲ့အသည်းယားအောင်လုပ်တဲ့ နူတ်ခမ်းလေးကို တစ်ခါထဲ အပြစ်ပေးပစ်တယ် ခုတော့ မြင်သာမြင်မကျင်ရတဲ့အဖြစ် ဂျောင်ကု ထယ်ရဲ့လက်ကိုကိုင်ကာ...။

"လာ ကိုနဲ့ကြယ်တူတူကြည့်ရအောင်..."

ထယ်ယောင်း ဂျောင်ကုဆွဲခေါ်ရာ ကုတင်ပေါ်ကိုတတ်ပြီး ထယ်ယောင်း ခန္ဓာကိုယ် ကို ဂျောင်ကုသူ့ ရင်ခွင်ထဲထည့်လိုက်ပြီး။

"ဒီလိုလေး ကြည့်လို့ ဖြစ်တယ်မလား..."

ထယ်ယောင်း လူကြီးရင်ခွင်ထဲကနေ ခေါင်းငြိမ့်ပြမိသည် ထယ်ယောင်းချစ်တယ်လို့ပြောလိုက်ရင် ဒီလူကြီးကိုထယ်ယောင်းပိုင်ဆိုင်ပြီမလား ထယ်ယောင်းလူကြီးကိုပိုင်ဆိုင်ချင်ပါသည်၊ ထယ်ယောင်းလူကြီးရင်ခွင်ထဲရောက်နေပြီး လူကြီးလက်တွေကထယ်ယောင်း လက်တွေကို ကိုင်ထားတာမို့ ထယ်ယောင်းလူကြီး လက်က တက်တူးတွေကို အနီးကပ်ကြည့်မိသည်..။

ထယ်ယောင်း တက်တူးထိုးတာ မကြိုက်ပါ အသားနာတဲ့ အရာတွေကို ထယ်ယောင်းကြောက်ပါသည် သူအလှတရားနဲ့သဘာဝလှပနေတဲ့ လက်ကို အမဲရောင်ဆေးတွေထိုးတာ ထယ်ယောင်းမကြိုက်ပါ ဒါပေမယ့် လူကြီးရဲ့ တက်တူးတွေကို ထယ်ယောင်းသဘောကျပါသည် ဘာအဓိပ္ပာယ်နဲ့ထိုးထားတာမှန်း ထယ်ယောင်းမသိပေမယ့် လူကြီးက အဓိပ္ပာယ်မရှိတဲ့ အရာကို လက်မှာ အနာခံပြီးထိုးမယ့် လူသားတစ်ယောက်မဟုတ်တာ ထယ်ယောင်းသိပါသည် တစ်နေ့တော့ တက်တူးတစ်ခုတိုင်းကို ထယ်ယောင်းမေးကြည့်အုန်းမယ် ဘာအဓိပ္ပာယ်နဲ့ထိုးထားလဲဆိုသည့်အရာကို...။

𝔸 𝕤𝕥𝕠𝕣𝕪 𝕠𝕗 𝕝𝕠𝕧𝕖 {ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕}Where stories live. Discover now