ℙ𝕒𝕣𝕥 5

5.2K 329 16
                                    

Unicode....

ထယ်ယောင်းလူကြီးကို မျက်နှာချင်း မဆိုင်ချင်တာ တစ်ကြောင်း ရှက်တာလဲတစ်ကြောင်း တစ်အိမ်ထဲမှာနေသည့် လူကြီးကိုရှောင်နေမိသည် ရေချိုးခန်းထဲက ထွက်လာတော့လဲ အခန်းဝမှာစောင့်နေတဲ့ လူကြီးမျက်နှာကိုကြည့်မိကာ ထယ်ယောင်းမျက်နှာပူရသေးသည် ငယ်ငယ်လေးထဲက နမ်းဖို့နေနေသာသာ ချစ်သူရည်းစားတောင် ထားဖူးတာမဟုတ် နမ်းမယ့်နမ်းတော့လဲ လူကြီးနဲ့ကြောင့် ထယ်ယောင်းပိုရှက်သည်...ရေချိုးခန်းထဲက ထွက်လာပြီးထဲက ထယ်ယောင်း ကိုအခန်းကိုပဲ အတင်းလျှောက်လာမိသည် နာနေတဲ့ခြေထောက်တောင် နာလို့နာမှန်းမသိတဲ့ အဖြစ်.....။

ရေချိုးခန်းက ထွက်လာပြီးထဲက ထယ်ယောင်းက သိသိသာသာ ကိုယ့်ကို ရှောင်နေသည် ကိုတံခါးဖွင့်ထွက်လာတာနဲ့ သူတံခါးဖွင့်လာတာခြင်း တူတူ ကိုယ့်ကိုတွေ့ရင် အခန်းထဲပြန်ဝင်တတ်သည် စကားပြောရင်လဲ အခန်းတံခါးကိုမဖွင့်ပဲ အထဲကသာအော်ပြောတတ်သည်....။

ဂျောင်ကုကိုခေါင်းကိုသာကိုထုမိသည် အစထဲက သူတို့အခြေနေက ဒီအဆင့်ထိတတ်ရမယ့် အခြေနေမဟုတ်ဘူးမလားးး....။

ဒေါက်...ဒေါက်...

ဂျောင်ကုမနေနိုင်တဲ့အဆုံး ခုံပေါ်က ဆရာဝန်ပေးလိုက်တဲ့ ဆေးထုတ်ကိုယူကာ ထယ်ယောင်းအခန်းတံခါးကိုသာ ခေါက်လိုက်သည် တံခါးခေါက်သံအဆုံး အထဲက ဘာတုန့်ပြန်သံမှ မကြားရတာကြောင့် တံခါးဖွင့်ဝင်လိုက်တော့ ကုတင်ပေါ်မှာ ကွေးကွေးလေးအိပ်နေတဲ့ အသေးလေး.....။

"ဟင့်အင်း မလိုက်ဘူးနော် ထယ်မလိုက်ဘူး နိုင်ငံခြားကို ထယ်မလိုက်ဘူးး...."

ယောင်နေတဲ့ ထယ်ရဲ့နှာဖူးလေးကို စမ်းကြည့်တော့ ကိုလေးနွေးနေတာမို့ ခြေထောက်ကဒဏ်ကြောင့် ဖျားတော့မည်ဆိုတာ ဂျောင်ကုတွေးမိသည်....။

"ထယ်...ထယ်...ထယ်..အသေးလေးထအုန်းးး"

လက်လေးကို အသာကိုင်ကာ နိူးလိုက်တော့ မျက်လုံးမှေးမှေးလေးဖွင့်ကာ ကြည့်လာသည်.....။

"ထ ဆေးသောက်လိုက်အုန်း ထယ်ဖျားတော့မယ်..."

လှဲနေတဲ့ကိုယ့်လေးကို ထူပေးလိုက်တော့ ကုတင်ကိုမှီကာ မှေးနေသည့်ကောင်လေး...။

𝔸 𝕤𝕥𝕠𝕣𝕪 𝕠𝕗 𝕝𝕠𝕧𝕖 {ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕}Where stories live. Discover now