ℙ𝕒𝕣𝕥 33

2.9K 205 0
                                    

Unicode...

"ဒယ်ဒီချီ.."

ကားတံခါးလာဖွင့်ပေးတာနဲ့ သူ့ပါးပါးပေါင်ပေါ်ကနေ အသံစာစာနဲ့ ချီခိုင်းနေတဲ့ သားငယ်ကြောင့် ဂျောင်ကုမှာ ပြုံးလိုက်မိသေးသည် သားငယ်ကို ထယ့်ပေါင်ပေါ်ကနေ ချီလိုက်ဝောာ့မှ ဂျွန်လျှယံထယ်တို့ကအလိုကျသလို ပြုံးစိစိ...။

ဂျွန်လျှယံထယ်က ဘယ်သူနဲ့တူလဲဆိုရင် သေချာပေါက် သူပါးပါးပေါ့ ဘာလို့လဲဆို အခုပဲကြည့် ရုံးလိုက်မယ် လိုက်မယ်ဆိုကာ ရစ်နေတဲ့သားငယ်ကြောင့် ဂျောင်ကုအလျော့ပေးကာ ခေါ်လာရသည်မလား သူ့လုပ်ချင်တာမလုပ်ရရင် ထယ်အတိုင်းပင်...။

လိုက်ချင်နေတဲ့သားငယ်ကြောင့် သူ့ပါးပါးကမပါမဖြစ်လိုက်လာရသည်။ ဂျောင်ကုတစ်ဖက်ကသားငယ်ကို ချီထားလိုက်ပြီး အိတ်ကိုတော့ ထယ့်ကိုသာကိုင်စေ၏ ထယ့်ရဲ့လွတ်နေတဲ့ လက်လေးတစ်ဖက်ကို ဂျောင်ကုလက်တစ်ဖက်ဖြင့် ဆွဲကိုင်လိုက်ကာ ကုမ္ပဏီထဲဝင်လာလိုက်သည်....။

ကုမ္ပဏီကလူတွေမျက်လုံးက ဂျောင်ကုတို့ဆီကိုသာ ထယ်ယောင်းဂျောင်ကု လက်တွေကြားကရုန်းထွက်ပေမယ့် ထယ်ယောင်းကိုတစ်ချက်သာကြည့်ပြီး လက်ကိုတင်းနေအောင် ဆုပ်ကိုင်ထားသည့် ဂျောင်ကုလက်တွေကြား ထယ်ယောင်းလက်လေးက ဘယ်လိုရုန်းရုန်းပင် အရာမဝင်ပါ....။

"မောင်လက်ကိုလွှတ်အုန်းလေ...."

ထယ်ယောင်း မောင့်နားကိုကပ်ကာ သွားများတန်းနေအောင် စိပြီးပြောလိုက်ပေမယ့်....။

"လွှတ်မပေးချင်ဘူး..."

ဂျောင်ကုပြောလိုက်တော့ ထယ်ယောင်းမျက်လုံးပြူးကာ မော့ကြည့်လိုက်ပေမယ့် ဂျောင်ကုကအေးဆေးပင် မျက်ခုံးလူပ်ပြကာ...။

"လက်ထောက်မင် လျှယံစားဖို့တစ်ခုခုလုပ်ပေးပါအုန်း..."

ဂျောင်ကုအပြောကိုလက်ထောက်မင်က ခေါင်းတစ်ညိမ့်ညိမ့်ဖြင့်...။

"ဟုတ်ကဲ့CEO..."

"မောင်ခုနလေးတင် စားလာတာကို ဘာထပ်ကျွေးအုန်းမလို့လဲ.."

ထယ်ယောင်းအပြောကို ဂျောင်ကုဘာမှပြန်မပြောပဲ ပေါင်ပေါ်ကသားငယ်ကိုငုံ့ကြည့်တော့....။

𝔸 𝕤𝕥𝕠𝕣𝕪 𝕠𝕗 𝕝𝕠𝕧𝕖 {ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕}Where stories live. Discover now