ℙ𝕒𝕣𝕥 11

4.1K 281 9
                                    

Unicode....

မင်ဒါဒါ ဖုန်းလှမ်းဆက်တာကြောင့် အသေးလေးအိမ်မှာဆိုတာ ဂျောင်ကုသိလိုက်ရသည် ကားရဲ့ဦးတည်ရာကClubဆီသာ ဒီညတော့ ဂျောင်ကုအမူးသောက်မည် မသဲကွဲတဲ့ ခံစားချက်တွေကို ‌အသေးလေးရှေ့မှာ ဂျောင်ကုဖွင့်ပြောမယ်ဆိုသည့် ဆုံးဖြတ်ချက်နဲ့ပင်...။

"ဟေ့ အဖော်မရှိရင် တို့အဖော်လုပ်ပေးမယ်လေ..."

ဂျောင်ကု ထိုမိန်းကလေးကို မျက်မှောင်ကျုံ့၍ မိန်းကလေးရဲ့ခန္ဓာကိုယ်ပေါ် မျက်လုံးဝှေ့ကြည့်ကာ...။

"ဈေးပေါတာတွေ မကြိုက်ဘူး..."

ထိုမိန်းကလေးမျက်နှာ ပျက်သွားသည်ကို ဂျောင်ကုမြင်လိုက်ပါသည် ဒါပေမယ့်လဲမတတ်နိုင် ကိုဘာသာမနေပဲ လာပြီးအာရုံနောက်တာကိုး....။

ဂျောင်ကုClubကနေ ထွက်လာပြီး စိတ်‌ထွက်ပေါက်အနေနဲ့ မြို့ပြင်သာ ကားကိုအကြမ်းမောင်းထွက်လိုက်သည် ဒါကဂျောင်ကု စိတ်ညစ်စရာတွေရှိတိုင်းလုပ်နေကြအရာပင် မြို့ပြင်ရောက်တော့ အထီးကျန်ဆန်တဲ့ ပင်လယ်ပြာပြာကြီးက ဂျောင်ကုကိုဆီးကြိုနေကာ...။

"ဘာလို့လဲ ဘာအမှားတွေ လုပ်ထားမိလို့ ကိုချစ်တဲ့လူတွေကကိုယ်ကို ပစ်ပြယ်နေတာလဲ ဘာလို့လဲ..."

ဂျောင်ကု ရင်ဘတ်ထဲက မွန်းကျပ်စွာ ခံစားနေရတဲ့ ခံစားချက်တွေကို ‌ထုတ်အော်ပြစ်လိုက်သည် ပထမအချစ်ဦးရဲ့ ထားသွားခြင်းကိုခံရသည် ခုလဲနှစ်နှစ်ကာကာ ချစ်ရပါတယ်ဆိုတဲ့ လူသားရဲ့ပစ်ပြယ်ခြင်းကိုခံစားရသည်။

"ကိုကအချစ်နဲ့မထိုက်တန်တာလား..."

ဂျောင်ကုစိတ်ညစ်ညစ်နဲ့ ဆိုးလ်ကို ကားပတ်မောင်းနေလိုက်သည် ကြားထဲက လူတစ်ယောက်ကို ကားကပွတ်ဆွဲမိသွားတာကြောင့် ဂျောင်ကုထိုလူကို ဆေးရုံလိုက်ပို့ရသေးသည် ဒီနေ့က ဂျောင်ကုတွက် တကယ်ကိုပြဿဒါးနေပါ့လားဟူ၍ စိတ်ထဲတွင် ရေရွက်မိလိုက်သေး၏။

ဂျောင်ကု အိမ်ကိုပြန်ရောက်တော့ ‌ည1နာရီပင်ထိုးနေပြီ တစ်အိမ်လုံးလင်းထိန်နေတာကြောင့် ဂျောင်ကု အိမ်ထဲကကောင်လေး မအိပ်သေးဘူးလို့ ထင်လိုက်မိသေးသည် အိမ်ထဲဝင်တော့ ဧည့်ခန်းကဆိုဖာပေါ်မှာ ကွေးကွေးလေးအိပ်နေတဲ့ချစ်ရသူ...။

𝔸 𝕤𝕥𝕠𝕣𝕪 𝕠𝕗 𝕝𝕠𝕧𝕖 {ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕}Where stories live. Discover now